"ဘယ်သွားမလဲ။" သူ ထိုင်ခုံခါးပတ် ပတ်တာကို ကျိုရှီအန်း ကြည့်နေမိသည်။ သူ့ရဲ့ ဖြူစင်တဲ့လက်နဲ့ သွယ်လျတဲ့ လက်ချောင်းလေးတွေက အရမ်းကို ဆွဲဆောင်မှုရှိသည်။
ယန်မင်ရှု အနီးအနားက ဟိုတယ်လို့ ပြောမလို့ လုပ်တုန်းမှာပဲ ဖုန်းမြည်လာသည်။
ယန်မင်ရှု ဖုန်းကို ထုပ်ပြီး ကြည့်လိုက်သည်။ သူ့အမ ယန်မင်မိန် ခေါ်နေတာ ဖြစ်သည်။ ယန်မင်မိန်က သူမအိမ်မှာ အရင်လာနေပြီး သူတို့မိဘအိမ် မနက်ဖြန်မှပြန်ဖို့ ပြောသည်။ ယန်မင်ရှု သိပ်တော့ မသွားချင်။ သူမ ပါးစပ်ကနေ သူမနဲ့ ၀မ်ယုတုန်အကြောင်းတွေပြောတာ ကြားရတာကို သူမုန်းသည်။ ဒါပေမယ့် သူမက သူ့အမဆိုတော့လဲ သူ့ဘက်က ငြင်းဖို့ အကြောင်းပြချက် ရှာမရဖြစ်နေသည်။ အဲ့ဒါကြောင့် သူဖုန်းချပြီးတော့ ဆန်ဟွမ်ရပ်ကွက်ဘက်က လိပ်စာတစ်ခုကို ပေးလိုက်သည်။ အဲ့ဒီ့နေရာက ယန်မင်မိန် အလုပ်ဖွင့်ရက်တွေမှာ နေသော အိမ်ဖြစ်သည်။
ကျိုရှီအန်းက "ကိုယ့်အိမ်နဲ့ သိပ်မဝေးဘူး။" ဟု ပြောပြီး ကားကို ပါကင်ထဲက မောင်းထွက်လာသည်။
ကားမောင်းလာပြီး မကြာခင်မှာပဲ မိုးရွာသည်။
ယန်မင်ရှုက ကျိုရှီအန်းကို စကားမပြောချင်သဖြင့် ပြူတင်းပေါက်အပြင်ဘက်က ကောင်းကင် မှိန်ဖျော့ဖျော့ကိုသာ တိတ်တဆိတ်ကြည့်နေသည်။
ကျိုရှီအန်းက ရှိုးတိုး ရှမ်းတမ်းဖြစ်မနေဘဲ သူ့ကို စကားစပြောသည်။ "မင်းက ၀မ်ယုတုန် ပရိတ်သတ်လား။" နေ့လည်တုန်းက ယန်မင်ရှု ၀မ်ယုတုန်နဲ့ တွေ့ရလို့ အရမ်းပျော်နေတာကို မြင်ရုံနဲ့ သူသိသည်။ ပရိတ်သတ်တွေဆီက ဒီလိုအမူအရာမျိုးတွေ မြင်နေကျမို့ သူ့အတွက် မဆန်းတော့။ သူကံမကောင်းဘူးလို့သာ နည်းနည်း ခံစားရသည်။ ဒီကောင်လေးက အေးစက်စက်နဲ့ တခြားလူတွေအပေါ် ဆက်ဆံရေးမကောင်းပေမယ့် ၀မ်ယုတုန်နဲ့ ပတ်သတ်ရင်တော့ တက်ကြွပျော်ရွှင်နေသည်။ ဒါကလည်း နာမည်ကျော်တစ်ယောက်ရဲ့ စန်းပဲလေ။
ယန်မင်ရှုအနေနဲ့ အပြင်လူတစ်ယောက်ကို ၀မ်ယုတုန်က သူ့အမရည်းစားပါလို့ ပြောမှာမဟုတ်။ ဒါကြောင့် သူ ပေါ့ပေါ့လေးပဲ ပြန်ပြောလိုက်သည်။ "ဟုတ်၊ ကျွန်တော်က အကိုတုန်ရဲ့ ပရိတ်သတ်ပါ။"
YOU ARE READING
လူစားထိုး သရုပ်ဆောင် (translation, zawgyi)
Romance(Unicode နဲ့ version လည်းရှိပါတယ်။ Profile က Works မှာ ဝင်ရှာကြည့်လို့ရပါတယ်။) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခင်က သူ့ကိုပိုချစ်လို့ပဲလား၊ သူ့ကို နှိပ်စက်လို့မ၀သေးလို့ဘဲလား မသိ။ အရင်ဘ၀တုန်းက သူက big star ၀မ်ယုတုန်ရဲ့ လူစားထိုး စတ...