အခန်း ၃ - အကြွေး ဘယ်လောက်ရှိလဲ

8K 1.1K 6
                                    

သူတို့ သုံးယောက် စားသောက်ပြီးလို့ စားသောက်ဆိုင်ထဲက ထွက်လာတော့ နေ့လည်နှစ်နာရီခန့်၊ နေရောင်က ပူပြင်းနေသည်။ လမ်းတစ်ဖက်ခြမ်းက ကြော်ငြာ LED board ကြီးကို ကျိုရှီအန်း မော့ကြည့်လိုက်သည်။ screen ပေါ်မှာ ကြော်ငြာတစ်ခုပြနေသည်။ အဆောက်အဦးက အလင်းပြန်နေတာမို့ ကြော်ငြာထဲက ပုံရိပ်တွေကို ရုတ်တရက်တော့ မမြင်ရဘဲဖြစ်နေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တိမ်မဲတစ်ခုက နေကိုကွယ်သွားသည်။ ကြီးမားတဲ့ screen ကြီးက အဖိုးတန်နာရီကြော်ငြာကို ပြောင်းသွားသည်။ ကြော်ငြာထဲမှာ အနက်ရောင် နောက်ခံထဲကနေ လူတစ်ယောက် လမ်းလျှောက်ထွက်လာသည်။

ကျိုရှီအန်းမျက်နှာအမူအရာ ရုတ်တရက် ပြောင်းသွားသည်။

ထိုလူက အသက် နှစ်ဆယ်ကျော်ခန့်ဖြစ်သည်။ အရပ်ရှည်ပြီး အဘက်ဘက်က ပြည့်စုံလွန်းသော သူ့ခန္ဓာကိုယ်မှာ အဖြူရောင် အကျီင်္ိဝတ်ထားကာ နောက်ခံ အနက်ရောင်ပေါ်မှာ ထင်ရှားနေသည်။ သူ ခေါင်းကို အနည်းငယ်မော့ကာ သူ့ရဲ့ ပြိုင်ဘက်မရှိအောင်ချောသော မျက်နှာကို လှစ်ဟပြလိုက်သည်။ သူ့မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။ အေးစက်နေသော မျက်လုံးများနှင့် တင်းတင်းစေ့ထားသော နှတ်ခမ်းများကြောင့် သူ့မျက်နှာက မြင်ရသူ အသက်ရှုမှားစေကာ၊ သူ့နားကို ချဉ်းကပ်ဖို့လည်း မရဲ ဖြစ်သွားစေသည်။ သူ့လက်ကောက်ဝတ်မှာ စိန်စီထားသော နာရီတစ်ခုကို ပတ်ထားသည်။ သူ့အမူအယာက ရိုးရိုးလေးပေမယ့် လူတွေရဲ့အမြင်မှာတော့ ခမ်းနားမြင့်မြတ်၊ ကျော့ရှင်းကာ ရင်ထဲကို ထိသွားစေသည်။ လမ်းပေါ်က လမ်းသွား လမ်းလာပေါင်းများစွာက အကြည့်ကို မလွှဲနိုင်သဖြင့် တချို့က လည်ပြန်ကြည့်ကြသည်။ တချို့က ရပ်ကြည့်ကြသည်။

သူ့နှလုံးသားထဲက စူးစူးရှရှ နာကျင်လာသဖြင့် ကျိုရှီအန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ရသည်။

ယန်မင်ရှု၊ ဘာလို့သူ.....၊ ဘယ်လိုလုပ်ပြီးတော့ သူ ကြော်ငြာသွားရိုက်ရတာလဲ။ သူ့မိသားစု နောက်ခံအင်အားမျိုးနဲ့ ဘာလို့ ဒီလို screen ပေါ်သူ့မျက်နှာပါမယ့်အလုပ်မျိုး လုပ်ပြီး ငွေရှာနေသေးလဲ။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now