အခန်း ၃၂ - ၀မ်ယုတုန်ကို အပြစ်လုပ်မိခြင်း

5.3K 917 46
                                    

ကျိုရှီအန်း မျက်နှာ ဖြူဖတ်ဖြူယော်ဖြစ်သွားပြီး ခေါင်းမမော့ရဲတော့။ မျက်လုံးပေါင်းများစွာက သူ့ကိုကြည့်နေတာကို သူ ခံစားနေရသည်။ အဲဒီ့အကြည့်တွေက အပ်တွေလို စူးရှနေပြီး သူ ထိုင်ရမလို ထရမလို မနေတတ် ဖြစ်နေသည်။

ဒါရိုက်တာဝမ်နဲ့ ၀မ်ယုတုန်ကို စိတ်ထဲကနေ အကြိမ်ပေါင်းများစွာ ကျိန်ဆဲနေမိသည်။ ဒီရုပ်ရှင်ဘုရင်နှစ်ယောက်၊ ရန်ဖြစ်ရင်လဲ ကိုယ့်ဘာကိုယ် ဖြစ်ကြပေါ့၊ ဘာလို့ သူ့ကို ဆွဲထည့်နေတာလဲ။

သူဌေးဝမ်က ပြောရာပြေကြောင်း ၀င်ပြောသည်။ "အာ ဒါရိုက်တာဝမ် စိတ်လျှော့ပါ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလွဲနေကြတာပါ၊ စိတ်မဆိုးပါနဲ့။ ညှိနှိုင်းပြီး ဖြေရှင်းလို့ ရပါတယ်။"

ဒါရိုက်တာဝမ်က စိတ်ဆိုးတယ်ဆိုတာထက်ကို ပိုနေပြီ။ သူ မတ်တပ်ထရပ်ပြီး စားပွဲခုံကို လက်နဲ့ရိုက်ပြီး ခေါင်းမာမာနဲ့ ပြောသည်။ "ဘာမှ ညှိစရာမရှိဘူး။ ငါတော့ ကျိုရှီအန်းက သင့်တော်တယ်လို့ ထင်တယ်။ ငါသူ့ကို ဇာတ်လိုက်လုပ်ဖို့ မဲပေးတယ်။ ကျိုရှီအန်း၊ မင်းလုပ်ရဲလား။"

ကျိုရှီအန်း ခေါင်းမော့လိုက်တော့ ၀မ်ယုတုန်ရဲ့ ဓါးတစ်စင်းလိုမျိုး စူးရှတဲ့အကြည့်က သူ့မျက်နှာပေါ် ကျလာသည်။ သူ မပြုံးချင် ပြုံးချင် ပြုံးလိုက်သည်။ "ဒါရိုက်တာဝမ်က တော်တော်နောက်တတ်တယ်။"

"မင်းကို ဘယ်သူက နောက်နေလို့လဲ၊ ငါမင်းကို တစ်ခါမှ မနောက်ဖူးဘူး။ ငါ့တစ်သက်လုံး ရုပ်ရှင်ရိုက်လာတာ၊ ငါလူကြည့်တာ မမှားနိုင်ဘူး။ ငါက မင်းလုပ်နိုင်တယ်လို့ ထင်ရင်၊ မင်းတကယ်လုပ်နိုင်တယ်။ အခုချက်ချင်းပြော၊ မင်းလက်ခံလိုက်တာနဲ့ ဒီဇာတ်လိုက်နေရာက မင်းအတွက်ပဲ။"

Investor တွေ ထိုင်မနေနိုင်ကြတော့ဘဲ ၀င်ပြီး ဖြန်ဖြေကြသည်။ သူတို့က တကယ့်ရွှေငွေအစစ်တွေ ရင်းနှီးမြှပ်နှံထားတာ၊ ပြီးတော့ အပြင်မှာလည်း ခေါင်းဆောင်မင်းသားက ၀မ်ယုတုန်ဆိုပြီး ကြော်ငြာပြီးပြီ။ သူ့ကို လဲပြီး လူမသိသူမသိ လူစားထိုးသရုပ်ဆောင်လေးကို ခေါင်းဆောင်မင်းသားနေရာမှာထားလိုက်ရင် ဒီကားကို အောင်မြင်အောင် ဘယ်သူမှ လုပ်နိုင်မှာမဟုတ်။ ဒါရိုက်တာဝမ်တောင် တတ်နိုင်မယ်မထင်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now