အခန်း ၅၄ - မင်းက gay လား

5.7K 1.1K 62
                                    


နေ့လည်ပိုင်းမှာ ကျိုရှီအန်း လူစားထိုးအခန်းတွေ ရိုက်နေချိန်မှာ ယန်မင်ရှု ဘေးကနေ ကြည့်နေသဖြင့် သူ မနေတတ် ဖြစ်ရသည်။

နားချိန်အတွင်းမှာ ဒါရိုက်တာချောင်နဲ့ ဇာတ်ညွှန်းရေးဆရာ ယန်မင်ရှုကို မင်းသားရဲ့ညီ နေရာမှာ ထားဖို့ ပြောနေတာကို ကြားသည်၊ ဇာတ်ကောင်ကို ထိခိုက်လွယ်တဲ့၊ နေမကောင်းဖြစ်ပြီး အမြဲအိပ်ရာထဲ လဲနေတတ်တဲ့ ညီလေးအဖြစ်ရေးဖို့ ပြောနေကြသည်။ ယန်မင်ရှုရဲ့အခန်း ဇာတ်ကားထဲမှာပိုပါအောင် ဒါရိုက်တာချောင် ကြံဖန်ပြီး အကြံထုပ်နေသည်။ တကယ်တော့ သူ ဒီလိုလုပ်စရာ မလိုပါဘူး။ ၀မ်ယုတုန်နဲ့ အတူသရုပ်ဆောင်ရမယ့် အခန်းတွေသာ များများပါသရွေ့ ယန်မင်ရှု သရုပ်ဆောင်ဖို့ ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူးလို့ ကျိုရှီအန်းတွေးလိုက်သည်။

သူ ရုပ်ရှင်လောကမှာ အလုပ်လုပ်တာ နည်းနည်းကြာပြီဖြစ်သဖြင့် အတင်းအဖျင်းတွေ တော်တော်သိနေပြီ။ ယန်မင်ရှုက သူများဇာတ်ကားတွေမှာ ဘယ်တော့မှ ဧည့်သည်သရုပ်ဆောင် မလုပ်ဖူးလို့ ကျိုရှီအန်း ကြားဖူးသည်။ ယောက်ဖ ၀မ်ယုတုန် တစ်ယောက်ပဲ အဲ့ထဲမှာ ချွင်းချက်ဖြစ်သည်။ အခုလဲ ဒုတိယအကြိမ် ၀မ်ယုတုန်ရဲ့ကားမှာ ထပ်ပါဦးမယ်၊ ၀မ်ယုတုန်နဲ့ တခြားလူက တူတာမှ မဟုတ်တာ။

ယန်မင်ရှုနဲ့ ၀မ်ယုတုန် နှစ်ယောက် စကားပြောနေတဲ့မြင်ကွင်းကို ကြည့်ရင်း ကျိုရှီအန်းရင်ထဲမှာ ပြောမပြတတ်တဲ့ ခံစားချက်တွေနဲ့ ပြည့်နေသည်။ သူတို့နှစ်ယောက် အတူတူမတ်တပ်ရပ်နေရင် မြင်ကွင်းက special effectပေါင်းများစွာသုံးထားတဲ့ ဇာတ်ဝင်ခန်းတစ်ခုလိုပဲ အရမ်းကြည့်ကောင်းသည်။ ဇာတ်ကား မအောင်မြင်မှာကို ပူစရာမလိုတော့။

ကျိုရှီအန်း အတော်ကြာအောင် သရုပ်ဆောင်ပြီးတော့ ကော်ရစ်ဒါထောင့်မှာ ဆေးလိပ်သောက်ရင်း နားဖို့ ထွက်လာသည်။ သူ ချန်ယင်းကိစ္စကြောင့် တစ်နေ့လုံး စိတ်လေးနေသည်။

ထိုအချိန်မှာ ကော်ရစ်ဒါနဲ့ တခြားဖက်ကနေ ခြေသံထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။ ကျိုရှီအန်းရဲ့ ဘေးက အိမ်သာဖြစ်သည်။ တစ်ယောက်ယောက် အိမ်သာကို လာတာဖြစ်လိမ့်မည်။ မထင်မှတ်ဘဲ ခြေသံက ထောင့်နားမှာ ရပ်သွားပြီး နံရံတစ်ဖက်ကနေ ယန်မင်ရှု အသံထွက်လာသည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now