အခန်း ၄၇ - ယန်မင်ရှုနဲ့ ကြော်ငြာ

5.8K 1.2K 42
                                    

စနေနေ့မနက်မှာ ကျိုရှီအန်းဆီကို သူဌေးဝမ်ဆီက ဖုန်းဝင်လာသည်။ ဖုန်းဝင်လာချိန်မှာ သူအိပ်နေတုန်းရှိသေးသည်၊ ဖုန်းခေါ်တဲ့လူနာမည်ကို မြင်မြင်ချင်း သူ ချက်ချင်းထထိုင်သည်။

"ဟဲလို သူဌေးဝမ်။"

"ကျိုရှီအန်း၊ မင်းမနိုးသေးဘူးလား။"

"အာ ကျွန်တော် မနေ့က အရမ်းပင်ပန်းသွားလို့။"

"မင်းဒီနေ့လည်း ပင်ပန်းရဦးမယ်။ ထတော့၊ ငါမင်းအတွက် ကြော်ငြာတစ်ခု စီစဉ်ထားတယ်။ အခုသွားလိုက်။"

"အမ်၊ အခုလား။"

"ဟုတ်တယ်၊ တိုင်းသိပြည်သိနာမည်ကျော်ကြီးက မင်းကို လာရိုက်ဖို့ခေါ်တာ။ ခေါ်တာတောင် ငါ့ဆီကို တိုက်ရိုက်ခေါ်တာနော်။"

ကျိုရှီအန်း မျက်နှာကို ပွတ်လိုက်သည်၊ "ဘယ်သူလဲ။"

"ယန်မင်ရှု"

ကျိုရှီအန်း အိပ်ချင်စိတ် ပျောက်သွားသည်၊ "ယန်...ယန်မင်ရှုကလား။"

သူ အရမ်းစိတ်လှုပ်ရှားသွားတယ်လို့ သူဌေးဝမ် ထင်သွားသည်၊ "အေးလေ၊ ယန်မင်ရှုပဲ။ သူ မင်းကို ဘာသဘောကျလို့လဲတော့ မသိဘူး၊ ဒါပေမယ့် ဒီဟာက ရွှေအခွင့်အရေးပဲ။ ကောင်လေး မင်းက တော်တော်ကံကောင်းတာပဲ၊ ယန်မင်ရှုနဲ့ ကြော်ငြာရိုက်ရမယ်၊ ပြီးရင် ရှီရောင့် MV မှာလည်း ပါရဦးမယ်။ မင်းအနာဂါတ်က တောက်ပနေတာကို နောက်ဆို ပိုတောင် တောက်ပဦးမယ်။ ဘာဖြစ်ဖြစ် ရှီရှောင်ရဲ့ MVက စီစဉ်တုန်းရှိသေးတယ်၊ တကယ်စရိုက်ဖို့ နှစ်လ သုံးလကြာဦးမှာ။ ဒီကြော်ငြာက မျက်စိရှေ့တင်ပဲ။ ပါးစပ်ရှေ့ကို မုန့်ရောက်လာမှတော့ သွားသာစားလိုက်တော့။ မြန်မြန်လုပ်။"

"ဒါက... ကိုကြီးဝေ ကျွန်တော့်ကို ဘာမှမပြောဘူး။"

"ချိုင်ဝေ ဘယ်လိုတွေ စဉ်းစားပြီး မင်းကို သွားမရိုက်ခိုင်းလဲတော့ မသိဘူး။ ဟိုဘက်က ငါ့ကို အခုပဲဖုန်းဆက်တာ။ ငါသူ့ကို နောက်မှမေးဦးမယ်။ မင်းအခုအိပ်ရာက အရင်ထပြီး ရေမိုးချိုးတော့။"

ကျိုရှီအန်း ဘယ်လိုငြင်းရမလဲလို့ ခေါင်းနောက်အောင် စဉ်းစားပြီးတော့ သူ မျက်နှာပူပူနဲ့ပဲ ပြောရသည်၊ "သူဌေးဝမ်၊ ကျွန်တော်မသွားချင်လို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော် ဒီနေ့ လုပ်စရာရှိတယ်။"

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now