ကျိုရှီအန်း လှုပ်ရှားမှုတွေ ရပ်တန့်သွားသည်။ သူနားကြားမှားတာနေမှာပါလို့ တွေးမိသည်။
ယန်မင်ရှု ထပ်ခေါ်သည်၊ "အကိုတုန်။" ယန်မင်ရှု အားတွေ ဘယ်က ဘယ်လို ရောက်လာလဲမသိ၊ ကျိုရှီအန်းကို အတင်းဆွဲပြီး နမ်းရင်း သူ့နှုတ်ခမ်းဝမှာ ထပ်ရေရွတ်သည်။ "အကိုတုန်။"
ကျိုရှီအန်း တစ်ကိုယ်လုံးကို မိုးကြိုးပစ်ခံလိုက်ရသလို ခံစားရသည်။ ယန်မင်ရှု သူ့ကို နမ်းနေတာကို သူ ဘာမှ မတုံ့ပြန်နိုင်။
အကိုတုန်... သူ ဘယ်သူ့ကို ခေါ်နေတာလဲ။
ကျိုရှီအန်းရဲ့ မျက်လုံးထဲမှာ ၀မ်ယုတုန်ရဲ့ ခန့်ညားချောမောတဲ့ ပုံသဏ္ဍာန်က ပန်းတွေပွင့်သလို ပေါ်လာသည်။ ယန်မင်ရှု ၀မ်ယုတုန်ကို ကြည့်တဲ့မျက်လုံးတွေက သာမာန်အချိန်တွေနဲ့ သိသိသာသာကွားခြားသည်။ သူ ဘာလို့ နည်းနည်းလေးတောင် မတွေးမိရတာလဲ။ ယန်မင်ရှုက ၀မ်ယုတုန်ရဲ့ ယောက်ဖလောင်းမို့လို့လား။
ဘာလို့ ယန်မင်ရှု သူနဲ့နေလဲ၊ ဘာလို့ အဲဒီ့အချိန်မျိုးမှာ(sex) အနောက်ဘက်မှာနေရတာကို ကြိုက်တာလဲ၊ ဘာလို့ ၀မ်ယုတုန်ရဲ့ စေ့စပ်ပွဲနေ့မှာ သောက်နေရတာလဲ၊ အားလုံးက အဖြေရှိသည်။
သူ့နှလုံးသားထဲကို ဓါးထက်ထက်တစ်ခေါင်း စိုက်ဝင်သွားပြီး သူ့တစ်ကိုယ်လုံး သွေးတွေနဲ့ ရွှဲသွားတာကိုပဲ ကျိုရှီအန်း ခံစားရသည်။
သူ တစ်ခါမှ ဒီလောက်နာကျင်မှုကို မခံစားဖူးဘူး။
ယန်မင်ရှု သူ့ကို မကြိုက်တာကို သူ လက်ခံနိုင်သည်။ ဒီတစ်သက်လုံး သူ့ကို ပြန်မချစ်ဘူးဆိုရင်တောင်၊ အဲ့ဒါက ယန်မင်ရှု အမှားမဟုတ်။ ဒါပေမယ့် သူ့ကို .... အစားထိုးတစ်ယောက်အနေနဲ့ ဆက်ဆံနေတာလား....
ကျိုရှီအန်း ၀မ်းနည်းရုံသာမက တစ်ခါမှမခံစားဖူးတဲ့ အရှက်ရမှုကိုပါ ခံစားရသည်။
သူက ၀မ်ယုတုန်လောက် ဘယ်နေရာမှာမှ မတော်၊ သူ့မျက်နှာကို လက်ညှိုးငှောက်ငှောက်ထိုးနေရင်တောင် ပြောချင်တဲ့စကားတွေကို မြိုချလိုက်ရုံသာ တတ်နိုင်သည်။ ၀မ်းရေးအတွက် သူ့မှာ တခြားရွေးစရာမရှိပဲ၊ ရုပ်ရှင်ထဲမှာ ၀မ်ယုတုန်ရဲ့ လူစားထိုး လုပ်ရသည်။ ဘာလို့ အပြင်မှာပါ သူ့ လူစားထိုးဖြစ်နေရသေးတာလဲ။ သူ ၀မ်ယုတုန်အပေါ် ဘာအကြွေးများ ရှိခဲ့လဲ။
YOU ARE READING
လူစားထိုး သရုပ်ဆောင် (translation, zawgyi)
Romance(Unicode နဲ့ version လည်းရှိပါတယ်။ Profile က Works မှာ ဝင်ရှာကြည့်လို့ရပါတယ်။) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခင်က သူ့ကိုပိုချစ်လို့ပဲလား၊ သူ့ကို နှိပ်စက်လို့မ၀သေးလို့ဘဲလား မသိ။ အရင်ဘ၀တုန်းက သူက big star ၀မ်ယုတုန်ရဲ့ လူစားထိုး စတ...