တိုက်ခန်းထဲ ရောက်ရောက်ချင်းပဲ ကျိုရှီအန်း ယန်မင်ရှုကို နံရံဘက် တွန်းကပ်လိုက်ပြီး ယန်မင်ရှုရဲ့ ချောမွေ့တဲ့ မျက်နှာကို လက်ချောင်းများနဲ့ တို့ထိရင်း အပြုံးနဲ့ ပြောသည်။ "ရှောင်ယန် မင်းက စောက်ရမ်းချောတာပဲ။"
("ရှောင်" ဆိုတာက ကိုယ့်ထက်ငယ်တဲ့ လူရဲ့နာမည်ကို ချစ်စနိုးတဲ့ ခေါ်တဲ့ အခေါ်ပါ။ မြန်မာလိုဆို "ယန်လေး" လို့ ခေါ်တဲ့ သဘောမျိုး။)
ယန်မင်ရှု သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကျိုရှီအန်းရဲ့ စိတ်အားထက်သန်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို လှမ်းကိုင်လိုက်သည်။ သူ့နှုတ်ခမ်း ထောင့်စွန်းလေးနဲ့ ပြုံးပြီး ပြန်ပြောသည်။ "အင်း ကျွန်တော့်မျက်နှာကို ခင်ဗျားဘယ်လောက်ကြိုက်လဲဆိုတာ သိသာပါတယ်။"
ကျိုရှီအန်း သူ့နှုတ်ခမ်းထောင့်စွန်းကို လျှာနဲ့လှမ်းတို့ပြီး တိုးတိုးလေး ပြောသည်။ "ကြိုက်တယ်၊ ကြိုက်တာပေါ့။"
ယန်မင်ရှုရဲ့ ခေါင်းအနောက်ဘက်ကို လက်နဲ့ကိုင်ပြီး အရှေ့ကိုဆွဲကာ သူ့နှုတ်ခမ်းကို အနမ်းကြမ်းကြမ်း နမ်းလိုက်သည်။ သူ့နှုတ်ခမ်းတွေကို သေချာနမ်းပြီးတော့ သူ့လျှာနဲ့ ယန်မင်ရှုရဲ့ ပါးစပ်ထဲကို တိုးဝင်ကာ ယန်မင်ရှုရဲ့ လျှာနဲ့ လိမ်လျှက်ပြီး ကျွမ်းကျင်စွာ နမ်းသည်။
ကျိုရှီအန်း ဆယ်ကျော်သက်အရွယ်မှာ သူ့ကိုယ်သူ gay မှန်းစသိကတည်းကနေ အခုအချိန်အထိ ရည်းစားနှစ်ယောက်ကိုပဲ သေချာတွဲဖူးသည်။ ဒါပေမယ့် အဲ့နှစ်ယောက်ကလည်း သူ့နှလုံးသားထဲမှာ အရာမထင်ကျန်ခဲ့။ သူနဲ့ ခဏတွဲဖူးတဲ့ fuck buddies (sex friends) တွေ ရှိခဲ့ဖူးပေမယ့် one night stand တော့ သိပ်မရှိခဲ့ဖူး။ သူက ကြုံသမျှလူတွေနဲ့ အတူအိပ်လေ့ရှိသူမျိုးမဟုတ်။ သူ့အတွက် စိတ်ရင်းမှန်နဲ့ အတည်တကျတွဲမယ့် relationship မျိုးဆိုတာ ရှာလို့မရနိုင်တဲ့ အဖိုးတန် ဇိမ်ခံပစ္စည်းတစ်ခုလိုပင်။ သူတို့လောကထဲမှာ နောက်ဆုံးအချိန်အထိ မပြတ်ဘဲ အတူရှိနေကြတဲ့ အတွဲမျိုး ရှိတော့ရှိသည်။ ဒါပေမယ့် အလွန်ရှားသည်။ ကျိုရှီအန်းလည်း သူ့ရဲ့ဖူးစာဖက်ကို အရမ်းတွေ့ချင်သည်။ ဒါပေမယ့် အချစ်စစ်ကိုမတွေ့ခင်မှာ သူသဘောကျတဲ့လူတွေ့ရင် အတူအိပ်လိုက်တာက ပိုပြီးလက်တွေ့ကျတယ်လို့ ထင်သည်။
YOU ARE READING
လူစားထိုး သရုပ်ဆောင် (translation, zawgyi)
Romance(Unicode နဲ့ version လည်းရှိပါတယ်။ Profile က Works မှာ ဝင်ရှာကြည့်လို့ရပါတယ်။) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခင်က သူ့ကိုပိုချစ်လို့ပဲလား၊ သူ့ကို နှိပ်စက်လို့မ၀သေးလို့ဘဲလား မသိ။ အရင်ဘ၀တုန်းက သူက big star ၀မ်ယုတုန်ရဲ့ လူစားထိုး စတ...