Ep 2

4.5K 257 3
                                    

Ep 2

ခပ်ကျဉ်းကျဉ်းထပ်ခိုးလိုနေရာလေးမှာ အခန်းငယ်လေး......

အခန်းတံခါးကိုဖွင့်တော့တစ်စုံတစ်ခုကခံနေတာကြောင့် ခွန်းအားစိုက်ရင်းတွန်းဖွင့်လိုက်သည်။

သူမရဲ့အဝတ်အစားတွေထည့်တဲ့ကတၳူပုံးကိုခြေထောက်နဲ့ဘေးသို့ဖယ်ရင်း ခွန်းရဲ့တစ်ယောက်အိပ်မွေ့ယာလေးပေါ်ခြေပစ်လက်ပစ်လှဲချလိုက်သည်။

အကျႌအိတ်ကပ်ထဲက Cheque လက်မှတ်ကိုထုတ်ကြည့်ရင်း

ခွန်းပြုံးလိုက်မိသည်။
တစ်ဆက်တည်းမှာ မျက်ဝန်းငယ်မှမျက်ရည်စက်တွေစို့နင်လို့လာခဲ့ပါသည်။

" ခွန်း ငိုလိုက်သင့်ရဲ့လား?  မေမေ ...... ဖေဖေကမေမေ့အကြောင်းတွေကိုခုချိန်ထိသိချင်သေးပုံမပေါ်ဘူး..... ခွန်းစိုးရိမ်မိတယ် တာဝန်မကျေစွာပဲခွန်း ပါလောကကြီးထဲကထွက်လာခဲ့မိရင် ဖေဖေကယူကျုံးမရဖြစ်ပြီး ကျန်နေခဲ့ပါ့မလားဆိုတာမသေချာဘူး.... ဒါထက် မေမေ့အကြောင်းတွေဖေဖေ့ကိုမပြောလိုက်ရမှာကိုခွန်းပိုကြောက်မိတယ်။ "

တဖြည်းဖြည်း ချင်း မှေးစင်းလာသည့်မျက်ခွံတို့ရဲ့စံနှုန်းအတွင်း ခွန်းရဲ့ခန္ဓာကိုယ်ဟာ ညာဘက်ခြမ်းသို့စောင်းရင်း ဒူးနှစ်ဖက်ကိုကွေးကာ...... ငယ်ငယ်ကလိုချင်တာမရလို့ရှိုက်ကြီးတငင်ငိုလိုက်ပြီးပင်ပန်းစွာအိပ်မောကျသွားသည့်ကလေးငယ်တစ်ယောက်လို

ခွန်းရဲ့ဒီလိုပုံစံတွေဖေဖေမြင်ရင် ကရုနာသတ်တဲ့စိတ်လေးများဖြစ်လေမလား?

" မောင်..... သမီးလေးနာမည်ကိုဘယ်လိုပေးမလဲဟင် "

" ချို့နာမည်လဲပါအောင်.... မောင်တို့ဘဝရဲ့ အချစ်အသစ်လေးမို့ ခွန်းသစ်ချို လို့ပေးရင်မကောင်းဘူးလား"

" မောင်ကသိပ်တော်တာပဲ.... "

" မောင်.... ချိုရှင်းပြပါရစေအုံး"

" မင်းက သစ္စာမရှိတဲ့မိန်းမပဲ....ငါမင်းကိုသိပ်ရွံတယ်"

"ဖေဖေ....😭😭😭"

" သွားစမ်း..... နင်ငါ့သမီးမဟုတ်ဘူး "

" မောင် သိပ်မှားတယ် "

ရင်ခွင်မှီWhere stories live. Discover now