Ep 39
ကမ်းခြေကပြန်တော့ ညနေပိုင်း Coffee ဆိုင်တစ်ဆိုင်မှာ ထိုင်ဖြစ်ကြသည်။
အိမ်လဲတန်းမပြန်ချင်သေးတာနဲ့....... ဒီနေ့တနေကုန်ဆုသံစဉ်နဲ့ကျွန်မအပြင်မှာပဲအချိန်ဖြုန်းနေကြသည်။စကားတွေလဲသိပ်ထွေထွေထူးထူးပြောစရာမရှိပေမဲ့... ကျွန်မဘယ်သွားသွား သူမကအနောက်ကတစ်ကောက်ကောက်လိုက်နေခဲ့သည်။
Coffee မှာထားတုန်း...... ကျွန်မတို့စားပွဲဝိုင်းကို ကလေးမတစ်ယောက်ရောက်လာသည်။
" လှိုင်း ဒီစားပွဲမှာထိုင်လို့ရမလား? တခြားဝိုင်းတွေလူပြည့်နေလို့ "
ကျွန်မတို့လဲနှစ်ယောက်တည်းဘာမှအရေးကြီးခွင်ကျယ်မဖြစ်တာနဲ့ ကလေးမကိုဝင်ထိုင်ဖို့ခေါင်းငြိမ့်ပြလိုက်သည်။ ဆုသံစဉ်ကတော့အဲ့ဒီကလေးမကိုသိပ်သဘောကျပုံမပေါ ်။
" လှိုင်းကိုမှတ်မိလားဟင်?"
" ............ "
ကျွန်မကတော့ အဲ့ဒီကလေးမကိုမြင်ဖူးသလိုရှိပေမဲ့ ဘယ်မှာတွေ့ခဲ့ကြတာလဲအတိအကျမသိတာကြောင့် ပြန်စဉ်းစားရင်းကြည့်နေမိသည်။
" ခွန်း ကလဲ...... တနေ့ကကားမှတ်တိုင်မှာကားစောင့်နေတုန်းက တွေ့ခဲ့တဲ့တစ်ယောက်လေ....... "
" အော်.......... အင်း "
" မဟုတ်သေးဘူး.... အဲ့မတိုင်ခင်ကလှိုင်းနဲ့မမနဲ့စုံဖူးသေးတယ် "
ကျွန်မကိုပဟေဠိတွေလာဖွင့်နေသည့်ကလေးမကို သူမမေးခွန်းအဆုံးမှာ သည်းခံပြီးငေးကြည့်နေရုံမှတပါး ဘာစကားမှဆက်ပြောဖို့မရှိ။ အကယ်၍ကျွန်မတို့စုံဖြစ်ခဲ့ကြရင်တောင်..... ဘာထူးမှာမို့လို့လဲ။
" ဒီမယ် ကလေးမ မင်းကတခြားဝိုင်းတွေလူပြည့်နေလို့ဒီမျာလာထိုင်တာလား ဒါမှမဟုတ်တခြားရည်ရွယ်ချက်ရှိနေလို့တကူးတကလာထိုင်တာလား?"
" မမ......... ဒီဘက်ကတစ်ယောက်ကမမသူငယ်ချင်းလား?"
ဆုသံစဉ်ကကျွန်မကိုယ်စားကလေးမကိုစကားဝင်ပြောပေးနေပေမဲ့ အဲ့ကလေးမကတော့ကျွန်မကိုကြည့်ရင်း ဆုသံစဉ်ကိုကျွန်မသူငယ်ချင်းလားလို့မေးနေသည်။
![](https://img.wattpad.com/cover/212868838-288-k338334.jpg)
YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး