Ep 41
" နေကောင်းရဲ့လား?ကလေး "
" ရွယ်........... သိရဲ့လား? တစ်နေ့တစ်နေ့အချိန်တွေကုန်ဖို့သိပ်ခက်လွန်းနေတယ်ဆိုတာ "
" တို့နောက်တပတ်ထဲပြန်လာမယ်နော်.... ကလေး ပြောစရာစကားတွေအများကြီးရှိနေပါစေလို့မျှော်လင့်မိတယ် "
" ဂရုစိုက်နော် ရွယ်........ ရှင်နဲ့တွေ့ ံရင်ချစ်တာရယ်လွမ်းတာရယ်ကလွဲလို့ပြောစရာမရှိတာ ဝမ်းနည်းစရာပဲ "
" ဘယ်သူပိုလွမ်းသလဲ ပြိုင်မလား "
" ဘယ်သူပဲနိုင်နိုင်ပျော်စရာမကောင်းတဲ့ပြိုင်ပွဲမျိုးကို... ကျွန်မ မပြိုင်ချင်ဘူး.... ရွယ် "
" ကလေး............ လွမ်းတဲ့စိတ်တွေကိုပြန်လာမယ်သိတာနဲ့လျော့ချမပြစ်လိုက်ပါနဲ့နော်...... မင်းတို့ကိုလွမ်းနေတယ်ဆိုတဲ့အသိက ဘာနဲ့မှမလဲနိုင်တဲ့ကြည်နူးမှုလေးမို့လို့ "
" တကိုယ်ကောင်းဆန်လိုက်တာရွယ်ရယ်... ရှင်ကလူကြီးဖြစ်နေလို့လား? လွမ်းရတဲ့အလုပ်ကသိပ်ပင်ပန်းတယ် "
" ချစ်တယ်..... ကလေး လေး ငါး ရက်လောက်အပင်ပန်းခံလိုက်ပါဦးနော်... ပြန်လာရင်ဒီကဒေါက်တာက အထူးကုသမှုတွေနဲ့ကုပေးပါ့မယ် "
" Good night ရွယ်...... မနက်ဖြန်အလုပ်သွားရမှာမို့လို့ အိပ်တော့မယ်... ဒီညအိမ်မက်တွေလှတော့မှာမို့လို့အချိန်တွေဆွဲမနေချင်တော့ဘူး "
" အင်း......... အမြန်ဆုံးပြန်တွေ့ကြမယ်နော် ကလေး "
အထီးကျန်တယ်ဆိုတဲ့နေ့ရက်တွေကမထူးဆန်းပေမဲ့
တစ်ဦးတည်းသောသူရဲ့တွေ့နေကြအပြုံးလေးမတွေ့ရတာ
ရက်ပေါင်း၃၀ကျော်ပြီမို့ ခံစားချက်ကအလိုလိုဝမ်းနည်း လွမ်းဆွေးနေတဲ့သဘောပေါ့.......
.
.ဒေါက် ဒေါက်.......
" ခွန်း.... ငါဝင်ခဲ့မယ်နော် "
" ............. "
နေ့လည်ခင်းတည်းက Managerနဲ့အပြင်ထွက်သွားပြီးခုချိန်မှပြန်လာပုံရတယ် အဝတ်အစားတောင်မလဲရသေးပဲ အပြန်ကိုကျွန်မအခန်းဆီတန်းဝင်လာပုံရသည်။
YOU ARE READING
ရင်ခွင်မှီ
Storie d'amoreရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး