Ep 16
📲📲📲
ဆုသံစဉ်ပြန်သွားပြီးခဏကြာတော့ ဖုန်းဝင်လာသည်။
ရွယ့်ဆီကအထင်ဖြင့် ချက်ချင်းဆိုသလိုဖုန်းကိုင်လိုက်သည်။" ........ "
" ရွယ်...... တို့အခုမင်းအခန်းရှေ့မှာ "
ဖုန်းကိုကိုင်ထားရင်း.... တံခါးကိုဖွင့်ဖို့ပြင်လိုက်သည်။
" တံခါးကိုမဖွင့်နဲ့..... ကလေး.... တို့ အခန်းထဲမဝင်တော့ဘူး "
တံခါးဖွင့်ဖို့ကြိုးစားနေခြင်းကရပ်တန့်မသွားပဲ....ဖွင့်လိုက်တော့
ပွင့်သွားတဲ့ တံခါးအဟလေးက သူမလက်ချောင်းတွေကတံခါးကိုဆက်မဖွင့်လိုက်ဖို့ကိုဆွဲထားသည်။" ရွယ်..... အခုရှင့်ကိုကျွန်မဘက်အခြမ်းရောက်လာဖို့အတင်းမခေါ်ဘူး..... ကျွန်မကရှင်ရှိတဲ့နေရာကိုထွက်လာခဲ့မလို့ "
" မင်းရှိတဲ့နေရာကို စိတ်ပျက်စရာခြေလှမ်းတွေနဲ့မဝင်လာချင်ဘူး.... တို့ဘက်ကအခြမ်းကိုလဲလာဖို့မကြိုးစားပါနဲ့ တို့ဘက်ကအခြမ်းကမင်းနဲ့တို့ရဲ့ပျော်ရွှင်စရာကမ်ဘာဖြစ်လာမှာမဟုတ်ဘူး...... တို့ပြန်လာခဲ့မယ်ကလေး.... သိပ်မကြာပါဘူး နည်းနည်းလေးသည်းခံပြီးစောင့်နေပေးပါ"
သူမစကားတွေကို နားထောင်နေရင်းတံခါးကိုဆွဲဖွင့်လိုက်သည်။
မျက်လုံးတွေ...... အမြဲတောက်ပနေတဲ့သူမမျက်လုံးတွေကအခုတော့ မျက်ထောင့်တွေရဲရင်းမျက်ရည်စတွေနေရာယူထားသည်။
မျက်ရည်တွေအများကြီးကျခဲ့ပြီးမှ ကမန်းကတမ်း သုပ်ထားပုံရတယ် ။စီးကျထားတဲ့မျက်ရည်စက်တွေတောင်မခြောက်သေးဘူး။" ရွယ်....... "
" တို့စကားကိုနည်းနည်းလေးတောင်နားမထောင်ဘူးပဲ"
" ကျွန်မရှင့်စကားကိုဘယ်တုန်းကမှ နားမထောက်ခဲ့ဘူးရွယ်....
ကျွန်မရဲ့စိတ်ခံစားချက်အတိုင်းပဲအခုကျွန်မရှင့်ရှေ့ကိုရောက်လာတာ "" ............."
" ရှင်ငိုနေတာအခုကျွန်မသိနေပြီလေ... ရှင်ဘာဆက်လုပ်မလဲ လှည့်ပြန်သွားမှာလား?ဒါမှမဟုတ် ရှင့်အတွက်ကျွန်မကတကယ်လိုအပ်နေရင်ဒီမှာပဲဆက်နေပါ.... အခုကျနေတဲ့အဲ့ဒီမျက်ရည်တွေကကျွန်မအတွက်အနှောက်အယှက်မဖြစ်ဘူး ".
YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး