Ep 12

2.1K 180 12
                                    

Ep 12

ဒီနေ့အလုပ်သစ်တစ်ခုကိုရခဲ့တယ်။
ပြီးတော့ အပြန်မှာရွယ့်ဆေးရုံကိုဝင်ခြင်တဲ့ခြေလှမ်းတွေက တားလို့မရ။
ခုတော့ လူနာတစ်ယောက်ကိုစစ်ဆေးပေးနေတာကြောင့် အပြင်မှာခဏထိုင်စောင့်နေသည်။
လိုက်ကာခပ်ပါးပါးလေးက သူမရဲ့ပုံစံကိုလှမ်းမြင်နေရသည်။

အဲ့ဒီလူနာကတော့ထင်မှာပဲသိပ်လှတဲ့ဆရာဝန်မလေးနဲ့ဆေးကုသမှုခံယူနေရပါလားလို့ပေါ့။
ရွယ့်ကိုကျွန်မမြင်တဲ့ပုံစံက သိပ်လှတဲ့အမျိုးသမီးနဲ့ကျွန်မအပေါ် ဂရုစိုက်မှုတွေပေးနေတဲ့ဆရာဝန်တစ်ယောက် ပြီးတော့........
ကျွန်မမသိသေးတဲ့သူမရဲ့ကလေးနဲ့မနေ့က သူမစကားပြောနေတဲ့အမျိုးသားတစ်ယောက်နဲ့ပတ်သက်မှုတွေအကြောင်း............

တစ်ဆက်တည်း ကျွန်မနဲ့ရွယ်တို့ရဲ့ရင်းနှီးမှုမှာသံယောဇဉ်တွေသာပါလာခဲ့ရင် အဲ့ဒီခွန်းမသိသေးတဲ့လူနှစ်ယောက်နဲ့ရွယ်ရဲ့ပတ်သက်မှုကိုကျော်လွန်နိုင်ပါ့မလား?

သံယောဇဉ်ဆိုတာပူလောင်တဲ့အရာရယ်လို့ခွန်းမဆိုလိုပါဘူး။
ဒါပေမဲ့စိုးရိမ်မှုနဲ့ဆုံးရှုံးရမှာကြောက်တဲ့စိတ်ပါလာရင်တော့တကယ်ကိုပူလောင်ပါတယ် ရွယ်။

" ကလေး...... အစောကတည်းကတွေ့တယ် စောင့်နေရတာအရမ်းစိတ်ညစ်သွားလား?"

" မနေ့ကတည်းကဒီမှာပဲကို ခုထိအိမ်မပြန်ရသေးတာလား?"

ပင်ပန်းနေတာသိပ်သိသာလွန်းပါတယ်။ဒါပေမဲ့သူမရဲ့ခွန်းအပေါ်ဆက်ဆံတဲ့ပုံစံလေးကတော့စတွေ့တုန်းကအတိုင်းတောက်ပတဲ့အပြုံးနဲ့။

" အင်း...... ဒါနဲ့ကလေးဆေးသောက်ပြီးပြီလား? ညစာတူတူသွားစားကြမယ် ပြန်ရင်ကလေးကိုအိမ်လိုက်ပို့မယ်"

အမှန်တော့ဒီတစ်ညလုံးကိုသူမနဲ့အတူတူရှိနေချင်တယ်။ဘာကြောင့်မှန်းရယ်မသိ
မနေ့ကညကသူမရောက်မလတာနဲ့အခုညနေစောင်းမှသူမမျက်နှာလေးတွေ့နေရတာနဲ့ကိုကြားတဲ့ကအချိန်တွေကိုခွန်းသစ်ချိုမနည်းကြိုးစားပြီးဖြတ်သန်းခဲ့ရသလိုကိုခက်ခဲတယ်။

" ရွယ်........ "

အခွင့်အရေးလို့ပြောရမလား? ဒီညလေးအတူတူရှိဖို့ကို ကျွန်မဘက်ကစပြောရမယ်ဆိုတော့ ပုခုံးတွေအလိုလိုကျုံ့သွားသည်။

ရင်ခွင်မှီWhere stories live. Discover now