Ep 21

1.8K 167 14
                                    

Ep 21

ဒီနေ့ ရွယ့်ကိုကြိုဖို့ သူမဆေးရုံကိုအလုပ်ကအပြန်ဝင်လာလိုက်သည်။
ဒီနေ့နည်းနည်းနောက်ကျသွားတယ်။ ရွယ်တစ်ယောက်ခွဲစိတ်ခန်းက ထွက်လာတာကိုတွေ့တော့ သူမဆီကိုရောက်ဖို့ခြေလှမ်းတွေခပ်သွက်သွက်လျှောက်လာခဲ့ပေမဲ့........

သူစိမ်းအမျိုးသားတစ်ယောက်ကျွန်မထပ်အရင်ရွယ်ဆီကိုရောက်နှင့်နေခဲ့တယ်။ ထိုအမျိုးသားကတော့ ရွယ်မလိုလားတဲ့သူမရဲ့ခင်ပွန်းဖြစ်ခဲ့ဖူးသူပါပဲ။

အဲ့ဒီလူကရွယ့်ရဲ့လက်တွေကို အားအင်အပြည့်နဲ့ကိုဆုပ်ကိုင်ထားတယ်။ ပစ္စည်းတစ်ခုခုကိုပေးနေတယ်ဆိုတာထက်.... လက်ကိုကိုင်ဖို့ရည်ရွယ်ချက်ကပိုနေတာ အဝေးကနေလှမ်းကြည့်နေရတဲ့ကျွန်မတောင်ရိပ်မိနေရင် ရွယ်ကတော့ မသိပဲနေမတဲ့လား? ဒါပေမဲ့သူမဘာလို့
ဒီလိုအခြေအနေကိုချက်ချင်း မတုံ့ပြန်တာလဲ.... ဒါမှမဟုတ် တုံ့ပြန်ဖို့ကြောက်နေတာလား?

ထိုလူထွက်သွားတော့ရွယ် က သူမလက်ထဲက ပစ္စည်းဘူးကိုဖွင့်ကြည့်ရင်း ခွန်အားမရှိတဲ့မျက်လုံးနဲ့..... ဝေခွဲရခက်တဲ့အပြုံး ကိုအဲ့ဒီပစ္စည်းဘူးထဲကတစ်စုံတစ်ရာကိုကြည့်ရင်း မျက်နှာမှာထိုအမူအရာအတိုင်းပေါ်နေတယ်။

" ရွယ်.......  "

ကျွန်မဆီက အသံကိုချက်ချင်းနားစွင့်ပေးလို့ ကျေးဇူးတင်မိတယ်။
သူမက ကျွန်မဆီကခေါ်တဲ့အသံကိုချက်ချင်းမကြားခဲ့ဘူးလှည့်မကြည့်လာဘူးဆိုရင်....... သူမနားကိုတိတ်ဆိတ်ခြင်နဲ့အတူအသံမပေးပဲရောက်သွားသလို
ခိုးကြောက်ခိုးဝှက်ပုံစံမျိုး ဖြစ်နေဦးမည်။

" ကလေး.... ခုမှရောက်လာတာလား?"

" ဟင့်အင်း..... သိပ်တော့မကြာသေးပါဘူး "

" တို့လဲ Duty ပြီးပြီလေ.... Coffeeသောက်မလား? "

" မသောက်တော့ဘူး..... "

" ဒါဆိုခဏလေးစောင့်နော်..... သူနာပြုကိုမှာစရာလေးတွေမှာပြီးရင် ပြန်ကြတာပေါ့"

" ဒီနေ့.... ရှင့်အိမ်ကိုလိုက်ခဲ့ချင်တယ် "

" ဟင်... အထူးအဆန်းပါလား? "

" ဘာမှမထူးဆန်းပါဘူး..... ကျွန်မအခန်းကရှင်းဖို့လိုနေပြီ မို့လို့"

ရင်ခွင်မှီWhere stories live. Discover now