Ep 15

2.4K 171 23
                                    


" ဒေါက်တာ..... ဧည့်သည်တစ်ယောက်ကဒေါက်တာနဲ့တွေ့ချင်တယ်ဆိုလို့ ပါ"

သူနာပြုရဲ့အနောက်မှာပါလာတဲ့ ကျွန်မနဲ့တွေ့ချင်တယ်ဆိုတဲ့ဧည့်သည်ကို လှမ်းကြည့်လိုက်တော့...

" အလုပ်တွေအရမ်းရှုပ်နေလား ဒေါက်တာ"

" ဆရာမ လုပ်စရာရှိတာသွားလုပ်ပါ.... အော် မမာကို coffeeနှစ်ခွက်လာပို့ပေးဖို့ပြောပေးပါနော် ကျေးဇူးပါ"

" ဟုတ်ကဲ့ ဒေါက်တာ"

သူနာပြုဆရာမထွက်သွားတော့ ကျွန်မရဲ့မဖိတ်ပဲလာတဲ့ဧည်သည်က ခွင့်ပြုချက်မရှိပဲ ထိုင်ခုံမှာဝင်ထိုင်နေသည်။

" ကျွန်မဆေးရုံအထိတကယ်ကိုရောက်လာတာပဲ... ကြိုတွေးထားခဲ့ပေမဲ့ ဒီလောက်ထိမြန်လိမ့်မယ်မထင်ထားဘူး"

" နန်းက Duty coatလေးနဲ့သိပ်လိုက်တယ်...... "

" Baby နဲ့စကားပြောဖြစ်တယ်..... ရှင်ကလေးကိုမလိုအပ်ပဲတစ်ယောက်တည်းမထားခဲ့သင့်ဘူး "

" မင်းနဲ့ကိုယ့်ရဲ့ကလေးလေးအတွက်အခု ကိုယ်ကြိုးစားနေတာ သူမကိုဘယ်တော့မှတစ်ယောက်တည်းထပ်ပြီးမထားခဲ့ဖို့ ခဏတာထားခဲ့တာပါ "

" ဒေါက်တာ Coffeeလာပို့တာပါ "

မမာဆီကcoffeeနှစ်ခွက်ကိုယူရင်း Johnကိုတစ်ခွက်ကမ်းပေးပြီး
သူ့ရှေ့တည့်တည့်မှာ ဝင်ထိုင်ရင်း coffeeတစ်ငုံသောက်လိုက်သည်။
ကျွန်မဘက်ကအရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးစကားလုံးတွေရှာဖို့အချိန်ယူလိုက်ခြင်းပါ။

နောက်တော့coffeeခွက်ကိုရှေ့ကစားပွဲပေါ်တင်လိုက်သည်။

" ကျွန်မက အမျိုးသမီးတစ်ယောက်အနေနဲ့မိခင်စိတ်အပြည့်ရှိတယ်လို့ ပြောရင် ရှင်ရယ်မလားမသိဘူး ...... ကျွန်မသိပ်ဝန်လေးတယ် အဒေါ်တစ်ယောက်ဖြစ်နေပေမဲ့ Babyကိုသမီးအရင်းလေးတစ်ယောက်လိုကို မိခင်စိတ်အပြည့်နဲ့ဂရုစိုက်ပေးခဲ့တယ် ခုထိ... ခုချိန်ထိပဲမဟုတ်ဘူး Babyကကျွန်မအတွက်တစ်ဘဝလုံးသမီးအရင်းလေးပါ... "

" ဒါတွေကို ကိုယ်သိပါတယ်...... ဒါကြောင့်လဲ ကိုယ်တို့မိသားစုလေး အတူပြန်နေဖို့ မင်းBabyကိုအပြည့်အဝဂရုစိုက်ပေးနိုင်ဖို့ ကိုယ်မင်းကိုလာခေါ်တာ"

ရင်ခွင်မှီWhere stories live. Discover now