Ep 22
" အိပ်ပြီလား? ကလေး"
" ဘာပြောစရာရှိလို့လဲ..... "
ရွယ်က ကျွန်မဘေးနားတိုးလာရင်း သူမရဲ့ညာလက်မောင်းပေါ် ကျွန်မခေါင်းကိုမတင်လိုက်သည်။
" တို့ကတော့ ကလေးအခန်းကမွေ့ရာသေးသေးလေးကိုပိုသဘောကျတယ် "
" ဟင်...... ဘာလို့ "
" ထွက်ပြေးတဲ့သူကိုဝေးဝေးပြေးလို့မရအောင်ပေါ့.... ခုတော့လိုက် ဖမ်းနေရတယ်လေ "
" ဘယ်သူကပြေးနေလို့လဲ.... "
သူမကိုမော့ကြည့်ရင်း စကားပြန်ပြောတော့သူမအကြည့်တွေက ....
မျက်လုံးတွေမှာကြည်နူးခြင်းအရိပ်အယောင်တွေအပြည့်။" အချစ်ဆိုတာထူးဆန်းတယ် ကလေးရဲ့.... တို့လေ မင်းကိုချစ်နေရတာကိုပျော်တယ်.... ပြီးတော့ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ငယ်လေးပုံစံနဲ့မင်းကိုစမြင်တည်းကဘာလို့အဲ့လောက်ထိအသေအချာကြီးချစ်မိသွားသလဲမသိဘူး "
" အဖြေကလွယ်လွယ်လေးပါ.... ကျွန်မဖြစ်နေလို့လေ.... ကျွန်မကတိပေးပါတယ် ဒီနေ့ကစပြီးခွန်းသစ်ချိုကနေတခြားလူတစ်ယောက်ဖြစ်သွားဖို့ကိုမကြိုးစားတော့ပါဘူးလို့ "
" ကလေး ရဲ့ဖေဖေနဲ့အဆင်မပြေသေးဘူးမှတ်လား?"
" ဖေဖေက အခုသူ့ရဲ့မိသားစုလေးနဲ့သူပျော်နေပါပြီ "
" ကျေနပ်ရဲ့လား?"
ရွယ့်ရဲ့လက်ချောင်းလေးတစ်ချောင်းစီတိုင်းဟာသိပ်လှတယ်။ကျွန်မအတွက်သူ့မလက်ချောင်းလေးတွေကိုအနီးဆုံးကြည့်ခွင့်ရတာ ထိတွေ့ခွင့်ရတာကိုပဲ အလှဆုံးအနုပညာနဲ့ဖန်တီးတဲ့ပန်းချီကားကိုကြည့်နေရသလိုပဲ ပြီးပြည့်စုံတယ်။
" ဖေဖေကမသိသေးဘူး... ရွယ်... မေမေမရှိတော့တာကိုမသိသေးဘူး"
" ကလေးကပြောပြရမှာပေါ့ "
" အဲ့လောက်သာလွယ်နေရင်ဒီလိုဘယ်နေပါ့မလဲ ရွယ်ရယ်....
မေမေနဲ့ဖေဖေနဲ့ပြဿ နာဖြစ်ကြတာ ဖေဖေ့ရဲ့အထင်လွဲမှုတွေအစွန်းရောက်သွားတာကြောင့်... မေမေလဲမာနတွေထိခိုက်ခံပြီး ထွက်သွားခဲ့တာ... သူမမမှားခဲ့တဲ့ကိစ္စအတွက်အခုတမလွန်ရောက်နေတာတောင်ဒီဘဝမှာဖေဖေ့ဆီကအထင်လွဲမှုတွေကိုခုချိန်ထိခံနေရတုန်း....... တခါတလေကျတော့လဲ လောကကြီးကမတရားလိုက်တာ "

YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး