Ep 9
နှဖူးထက်က ပုဝါစဆီက ခပ်အေးအေး ခံစားမှု
မျက်လုံးထဲကမြင်ကွင်းမှာ ကျွန်မဘေးနားကသိပ်လှတဲ့အမျိုးသမီး။
နွေးထွေးတယ် ယုယတယ်။
ခွန်းအတွက် ဒီလိုဂရုစိုက်မှုမျိုးကို မေမေ့ဆီကပဲရခဲ့ဖူးတယ်။
မေမေတစ်ယောက်တည်းကပဲပေးနိုင်လိမ့်မယ်လို့ယုံကြည်ထားတယ်။
မေမေ့ဆီကပဲဒီလိုဂရုစိုက်မှုမျိုးတွေလိုချင်တယ်။
မေမေ့ဆီကရမှပြီးပြည့်စုံတယ်လို့ခံစားရတယ်။
ဒါက မနေ့ကအထိပေါ့.......အခုကျွန်မဘေးနားကလူက ကျွန်မကိုတယုတယဂရုစိုက်ပေးတဲ့ဒုတိယအမျိုးသမီးပါ။
မမျှော်လင့်ပဲရောက်လာသလို...... နောက်တစ်ခါမမျှော်လင့်ပဲဆုံးရှုံးရမှာကိုလဲကြောက်နေမိတယ်။" ရှင် ဆေးရုံမသွားဘူးလား?"
" သက်သာရဲ့လား?"
" တာဝန်အချိန်ကိုပျက်ကွက်နေတာ ရှင့်အတွက်မကောင်းမှန်းတော့သိတယ်မှတ်လား?"
ထိုအမျိုးသမီးက ခွန်းရဲ့စကားတွေကိုလစ်လျူရှုနေသလား?
အတွေးထဲလဲထည့်ပုံမပေါ်....... နှဖူးပေါ်ကပုဝါကိုယူပြီး ဘေးနားကရေဖလားထဲထည့်လိုက်သည်။နောက်တော့......... သူတစ်ခုခုကိုချက်ပြုတ်နေတာပဲ။
လိုအပ်တာတွေလဲသူကိုယ်တိုင်ဝယ်ထားပုံရတယ်။" ရှင် ဘာလုပ်နေတာလဲ"
"မင်းအတွက် ကြက်သားဆန်ပြုတ်လေး လုပ်ပေးမလို့"
လိုအပ်နေတဲ့အချိန်မှာ ဒီလိုတွေအလိုက်သိပေးနေတဲ့လူမျိုးကို... ခွန်းကပိုင်ဆိုင်နိုင်မှာတဲ့လား? ကံကိုမယုံပါဘူး။..... မျက်စိလည်လမ်းမှားပြီးရောက်လာတဲ့ ကံကောင်းမှုလေးအပေါ် မက်မောနေမိရင် ခံစားရမှာက ကျွန်မပဲမှတ်လား ?
" နောက်နေ့တွေ ရှင်အခုလိုလာပေးစရာမလိုတော့ဘူး"
" နောက်ရက်တွေမှာလဲ တို့. ၂နာရီထက်နောက်မကျပဲမင်းဆီအရောက်လာခဲ့မယ်"
" ရှင်ကကျွန်မကိုရွဲ့နေတာလား?"
" မင်းကခေါင်းမာနေတာလား? ခွန်းသစ်ချို ....သိပ်အများကြီးမတွေးပါနဲ့ တို့ကဆရာဝန် မင်းကလူနာ ဆရာဝန်ကလူနာကိုကုသပေးနေတာ အရွဲ့တိုက်တာမဟုတ်ပါဘူး "
![](https://img.wattpad.com/cover/212868838-288-k338334.jpg)
YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး