ရင်ခွင်မှီ
……………Ep 1
အနီရောင်အချက်ပြမီး စတင်တဲ့အခါ
လူကူးမျဉ်းကြားမှ လမ်းဖြတ်ကူးရင်း
တဖြည်းဖြည်း မြန်ဆန်လာတဲ့မိုးစက်မိုးပေါက်တွေဟာ
ဖိနပ်ပါးစီးထားသည့်ခြေအစုံထက် သဲမှုန်တို့ ပေါင်းစပ်သည့်ရေစက်ခပ်ညစ်ညစ်တို့ လွင့်စင်လာသည်။ခြေလှမ်းတို့ဟာ ခပ်သွက်သွက်လှမ်းနေသော်ငြား
ဦးတည်ရာနေရာကတော့ ခွနး် အတွက် ပျော်စရာနေရာပင်မဟုတ်။
တာဝန်လဲမဟုတ် ဝတ္တရားလဲမဟုတ် ထိုနေရာကိုခွန်း
မသွားမဖြစ်သွားရမည့်နေရာဖြစ်သည်။ငါးမိနစ်ခန့်လမ်းလျှောက်အပြီးမှာ ခွန်း်ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။
ခြေအစုံကိုမှန်တံခါးဖန်သားပြင်ရှေ့တည့်တည့်ရပ်ကာ....
ခွန်းမျက်တောင်တို့ကိုခပ်နှေးနှေးပုတ်ခက်လိုက်သည်။စောင်းလာသည့်အနက်ရောင်ထီးကိုပိတ်ကာမိုးရေစက်တို့ကိုခါရင်း မှန်တံခါးကိုဖွင့်ကာ ထိုနေရာအတွင်းသို့ဝင်လာခဲ့သည်။
" ခဏထိုင်စောင့်နေပေးပါဗျ.... သူေဋ္ဌးကMeetingမပြီးသေးလို့ "
ထိုနေရာကဝန်ထမ်းတွေကျွန်မကို နာမည်ပြောင်အနေနဲ့ BC (blank Cheque) လို့ခေါ်ကြတယ်။
ထိုင်ခုံတွင်ခဏထိုင်စောင့်နေရင်း......." မင်းကိုတွေ့လိုက်တိုင်း အမြဲဒီပုံစံအတိုင်းပဲနော်....... မင်းရဲ့Fashionကို ဒီ Company ရဲ့ သန့်ရှင်းရေးနေရာအတွက် ဝတ်စုံဒီဇိုင်းရွေးလိုက်ပြီကွာ.... သိပ်မိုက် 😅😅😅😂"
ခွန်းကတော့ phone ကနေအကြည့်မလွှဲပဲ......
" မန်နေဂျာကြီး မတွေ့ရတာကြာပြီနော်"
ခွန်း်ရဲ့စကားအတွက်မန်နေဂျာရဲ့တုံ့ပြန်မှာဟာလုံလောက်မနေခဲ့။
သူကတော့ခွန်း်ကိုလှောင်ပြောင်ခနဲ့လိုက်ပေမဲ့ ခွန်းသစ်ချိုဆီမှ ပြန်ကြားရသည့်စကားဟာ မထင်မှတ်ထားသည့်စကားလုံးတွေဖြစ်နေတာကြောင့်ရယ်
သူမဟာ စိတ်သဘောထားကြီးသူမဟုတ်တာလဲသိနေတာကြောင့်
ဖြစ်သည်။" meeting ပြီးပါပြီဗျ..... ဧည့်သည်ကိုခေါ်ခိုင်းလိုက်ပါတယ်"
ခွန်းသစ်က ရုံးခန်းဆီသို့လိုက်သွားလိုက်သည်။
YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး