Ep 37
# တို့မရှိခဲ့တဲ့ အတိတ်က မင်းအတွက်အလင်းရောင်ပေးနိုင်မလား? ဒါဆို ကြယ်ရောင်လေးလောက်တောက်ပနေမှာကိုမက်မောမနေပါနဲ့တော့...... ထွန်းလင်းတဲ့အလင်းရောင်တွေနဲ့သာတောက်ပစွာရှင်သန်ပါ။
# အရူးလို စကားတွေပြောမနေနဲ့ ရွယ်... ကယောင်ကတမ်းအိပ်မက်တွေကအမြန်နိုးထပါတော့။ဒီစကားတွေကျွန်မမခံစားနိုင်လွန်းလို့။
# အချစ်က အချိန်နဲ့ကုစားရင်ပျောက်နိုင်ပါသေးတယ်။
ဘဝကအချိန်နဲ့အမျှတိုက်စားသွားရင်..... မင်းဘဝလေးတစ်စစီပြိုကွဲလိမ့်မယ်။# တော်ပါတော့။
.
.
.
.
.
" ခွန်း...... "ဆူညံနေတဲ့အသံတွေကြားကကျွန်မနာမည်ခေါ်သံတစ်ခု ကြားလိုက်သော်ငြား... ကျွန်မဆီက ဘာတုန့်ပြန်မှုမျှမပေးမိလိုက်။
" နင် တစ်ခုခုအဆင်မပြေတာရှိလို့လား?"
" အရင်ကအိပ်မက်ဆိုးတွေနေရာမှာ... နောက်ထပ်အိပ်မက်ဆိုးတစ်ခုအစားဝင်လာတယ် "
" ဒေါက်တာနဲ့ပတ်သက်နေတာလား?"
" အဲ့ဒီ စကားတွေသူတကယ်မပြောလာပါစေနဲ့ လို့ဆုတောင်းရမလား?"
" ဘာတွေပြောလို့လဲ"
" ငါနဲ့ဝေးသွားဖို့အကြောင်းကိုပေါ့ "
" နင့်ဘဝမှာ... အိပ်မက်မက်တိုင်းတကယ်ဖြစ်လာခဲ့တာရှိလို့လား?"
" ဟင့်အင်း.... "
" ဒါဆိုစိုးရိမ်စရာမလိုဘူးလေ "
" ငါ့ဘဝမှာတကယ်ဖြစ်ခဲ့တာတွေကိုပဲအိပ်မက်အနေနဲ့ပြန်မက်တာ ...... အတိတ်ဆိုတဲ့အရာကတကယ်ကိုငါ့အတွက်အဆိုးတွေပဲ "
" အခုကအတိတ်မှမဟုတ်ပဲ အခူလက်ရှိအချိန်ကတော့နင့်အတွက်ကောင်းတာတွေဖြစ်လာနိုင်ပါသေးတယ်။ "
" အခုလက်ရှိကောင်းတာတွေဖြစ်လာမယ်လို့ နင်သေချာပြောနိုင်လို့လား? အခုပဲငါ့ဘေးနားမှာ ရွယ် မရှိတော့ဘူးလေ သေချာတာတစ်ခုကတော့မနက်ဖြန်လဲသူငါ့နားမှာမရှိနိုင်သေးဘူး... "
" ချစ်ရတဲ့သူနဲ့အမြဲနေဖို့အတွက်ခဏတာခွဲ ခွာခြင်းဆိုတာနင့်ဘဝမှာမှမဟုတ်ပါဘူး.... ပေါင်းစည်းခြင်းအကုန်လုံးရဲ့ဘဝတိုင်းမှာခွဲခွာခြင်းဆိုတာရှိတယ်....."
YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး