Ep 30

1.3K 126 4
                                    

Ep 30

အိမ်ပြန်ရောက်တော့ လှေကားထစ်ပေါ်တက်တဲ့ခြေလှမ်းတွေလေးပင်နေခဲ့ပေမဲ့ အခန်းတံခါးရှေ့ရောက်တော့...

စိတ်ထဲကပူပန်မှုတချို့ကိုဖြေလျော့ရင်း ..... တံခါးဖွင့်ကာဝင်လာလိုက်သည်။

ရွယ်ကတော့ အိပ်ပျော်နေတုန်းပဲမို့
သူမကိုကြည့်ရင်း သက်ပြင်းခပ်တိုတိုလေးတစ်ချက်ချမိသည်။

" ကလေး........ "

မွေ့ရာပေါ်မှာအိပ်ပျော်နေရင်းကမျက်လုံးတို့ကိုမဖွင့်သေးပဲကျွန်မကိုခေါ်လိုက်တာကြောင့်သူမနားလေးသွားထိုင်ရင်း......

" ရွယ်....... နိုးနေတာလား?"

" ကတိပေး......."

" ဟင်....... "

" ဘယ်တော့မှခွဲမသွားဘူးလို့ ကတိပေးပါလား ကလေးရယ်..."

သူမလက်ချောင်းလေးတွေကကျွန်မလက်တစ်ဖက်ကိုဆွဲကိုင်ရင်းသူမပါးပြင်ပေါ်တင်လိုက်ပြီး ကတိပေးဖို့ကိုမျက်လုံးတွေစုံမှိတ်ရင်းတစ်ဖွဖွပြောနေသည်။

" ကတိပေးတာကမှ ကတိဖျက်တယ်ဆိုတာမျိုး ရှိနေပါဦးမယ် ရွယ်ရယ်.... ကျွန်မကရှင့်ကိုထားသွားမယ်ဆိုတဲ့အခြေအနေမျိုးကရွယ်တွေးပူနေရာကိစ္စမဟုတ်ပါဘူး "

" ................ "

အိပ်ပျော်နေရင်းယောင်ပြီးပြောမိတဲ့ပုံပဲ......
ကျွန်မကျေနပ်ပါတယ်။ ကယောင်ကတမ်းပြောတဲ့ရွယ့်ရဲ့စကားတွေမှာတောင်ကျွန်မကလေးလေးနက်နက်ရှိနေခွင့်ရတာ......
ကျွန်မအတွက်လဲရှင်က အရေးအကြီးဆူံးလူသားပါ ရွယ်။

အချိန်ကစောနေသေးတာကြောင့် ကျွန်မပြန်အိပ်ဖို့ကြိုးစားလိုက်သည်။

.
.
.
.

" သူက စကားနည်းပေမဲ့ချစ်ဖို့ကောင်းပါတယ် "

" ဟား....ဟား..... သူလားချစ်ဖို့ကောင်းတာ... အမကတော့အမြင်အာရုံတွေမကောင်းတော့ဘူးထင်ပါရဲ့ "

မနက်ခင်းအလင်းရောင်ကြောင့်စိတ်ကအရင်နိုးလာခဲ့ပေမဲ့မျက်လုံးတို့မပွင့်သေးခင်.... ဆူဆူညံညံစကားသံတွေအနီးတစ်ဝိုက်မှာကြားနေတာကြောင့်...
မျက်လုံးတို့အမြန်ဖွင့်ကဘေးနားကိုကြည့်လိုက်တော့......

ရင်ခွင်မှီWhere stories live. Discover now