Ep 32

1.6K 158 28
                                    

Ep 32

သူ့အလိုလိုကျလာတဲ့မျက်ရည်တွေလို့တော့ ကျွန်မ မလိမ်ချင်ဘူး။
ကျွန်မငိုနေတာပါ..... ရိုက်ကြီးတငင်ကိုငိုနေမိတာ
ကျွန်မအတွက်မိသားစုအနေနဲ့ဖေဖေဟာနောက်ဆုံးသံယောဇဉ်ကြိုးတစ်မျှင်ပါ..... အဲ့ဒါကိုကျွန်မကိုယ်တိုင်ပဲ ဖြတ်တောက်ခဲ့ရတာကြောင့် ရင်ဘက်ထဲကခံစားချက်ကဘယ်လွယ်ကူနေလိမ့်မလဲ။ဒါကြောင်ကျွန်မငိုနေမိတာ........

ရုတ်တရက်သဲလာတဲ့မိုးရေ်တွေကိုအကာအကွယ်ပြုဖို့တောင်ကျွန်မမှာခွန်အားတွေရှိမနေတော့......
အခုရွာကျနေတဲ့မိုးက... ဒီနှစ်မိုးရာသီရဲ့နောက်ဆုံးမိုးစက်တွေဖြစ်လိမ့်မည်။

ခေါင်းကိုငုံ့ထားရင်း.... ရှေ့တည့်တည့်လာရပ်နေတဲ့ခြေတစ်စုံနဲ့အ်တူ... ကျွန်မအပေါ်ကျနေတဲ့မိုးရေတွေရပ်တန့်သွားလေသည်။

အသာမော့ကြည့်မိတော့.......

" ဘာလို့ဒီလောက်ထိ ငိုနေရတာလဲ? မမနွေ "

ခပ်ငယ်ငယ်ကလေးမလေးတစ်ယောက်.....
ကြည့်ရတာသူမလူမှားပြီးကျွန်မကိုစကားလာပြောမိနေပုံပါပဲ။
သူမကိုဒီပတ်ဝန်းကျင်မှာတစ်ခါမှမမြင်ဖူးသလို... သူမမျက်နှာပေါက်ကလဲ ကျွန်မသိပ်ကိုရင်းနှီးနေသည့်မျက်နှာလေး။

ဘယ်မှာတွေ့ဘူးပါလိမ့်။

" မင်းလူမှားနေတယ်.... ငါမင်းသိတဲ့လူမဟုတ်ဘူး "

" မမကို လှိုင်း လဲမသိပါဘူး "

" ဒါဖြင့်မင်းဘာလို့ဒီကိုရောက်လာတာလဲ.. အထူးသဖြင့်ငါ့ရှေ့မှာလာလို့လာရပ်ပြီးစကားလာပြောတာလဲ "

" ဒီလိုပါပဲ....... လိုအပ်မယ်ထင်လို့ ဒီထီးလေးယူထားလိုက်နော် "

သူမလက်ထဲကထီးကိုကျွန်မလက်ထဲအတင်းထည့်ပြီးထွက်သွားသည့်ကလေးမကိုဘာစကားမှဆက်မပြောလိုက်ရပဲ.....
ကျန်ခဲ့သည့်အဖြစ်.....ထူးဆန်းပေမဲ့ ကလေးလေးတစ်ယောက်အပေါ်ကျွန်မအပိုအတွေးတွေနဲ့သံသယတွေမထားသင့်တာကြောင့် သူမအကြောင်းဆက်တွေးမနေတော့။

" ကလေး......... "

နောက်တော့ ကျွန်မဆီကိုရွယ်ရောက်လာသည်။
ချက်ချင်းအပြစ်လုပ်ထားမိတဲ့လူလို သူမကိကချက်ချင်းကျောခိုင်းလိုက်ပြီး ငိုထားမိလို့မျက်လုံးတွေရဲနေတာသူမသိသွားမှာစိုးရိမ်တာကြောင့်
မျက်နှာပေါ်ကမိုးရေတွေနဲ့ရောထွေးနေတဲ့မျက်ရည်စက်တွေကိုဖယ်သုပ်ရင်း မျက်လုံးတို့ကိုခေတ္တစုံမှိတ်ကာအသက်ပြင်းပြင်းရှူလိုက်သည်။

ရင်ခွင်မှီWhere stories live. Discover now