Ep 17

1.9K 159 15
                                    

Ep 17

ကျွန်တော်ကားမောင်းနေတဲ့တစ်လမ်းလုံးစိတ်နဲ့လူနဲ့မကပ်ဘူး။
ခုအိမ်ပြန်ရောက်တော့လဲ.... လမ်းမှာတွေ့ခဲ့တဲ့မြင်ကွင်းတစ်ခုကိုကျွန်တော်ခုထိမြင်ယောင်မိနေတုန်း။

အဲ့ဒီ မိန်းကလေးနဲ့သမီး... ဘယ်လိုများပတ်သက်နေပါလိမ့်။

" အကို..... ဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းပါ့လား?"

" ဘာမှ..... ဘာမှမဖြစ်ပါဘူးကွာ... သားလေးရော"

" အိပ်နေပြီလေ... "

" အင်းအင်း..... အကိုလဲအလုပ်နည်းနည်းပင်ပန်းလာလို့ပါ.. ဘာမှစိတ်ထဲထားမနေနဲ့"

" အလုပ်ကြိုးစားတာလဲ ကြိုးစားတာပေါ့အကိုရယ်
..ကျန်းမာရေးလဲဂရုစိုက်ပါ"

သူမစကားကိုခေါင်းသာအသာငြိမ့်ရင်း ကျွန်တော်လဲအတွေးတွေထွေနေတာနဲ့ ကုတင်ပေါ်လှဲချလိုက်သည်။

ဖုန်းထဲက ဖုန်းနံပါတ်တစ်ခုကိုလဲကျွန်တော်ဒီတိုင်းကြည့်နေရုံမှတစ်ပါး....

" အကို နောက်လထဲကျွန်မတရားစခန်းဝင်မလို့ သားသားကိုလဲသူ့အဘွားတွေဆီပို့ထားလိုက်မယ်.....
အကို..... ကလေးကိုအခိျန်အကြာကြီးတစ်ယောက်တည်းပြစ်မထားပါနဲ့... မိန်းကလေးငယ်ငယ်လေးကခုလိုတစ်ယောက်တည်းထားထားတာအန္တရာယ်သိပ်များတယ် "

" ခွန်းကသူ့အမေသွေးအပြည့်ပါနေတယ်ကွာ... ခေါင်းမာတယ်
နောက်ပြီး........ "

" အကိုကအဖေပဲလေအကို့သွေးတွေအကို့စိတ်ဓာတ်တွေလဲသူ့ဆီမှာအပြည့်ရှိနေမှာပါ "

နင်ကငါ့သမီးမဟုတ်ဘူး ဆိုတဲ့စကားတွေကျွန်တော်သမီးငယ်ကိုအကြိမ်ကြိမ်ပြောထွက်ခဲ့တယ်။ သူမကကျွန်တော်နဲ့ရတာမဟုတ်ခဲ့ဘူးလို့တထစ်ချကိုသတ်မှတ်နေခဲ့တာ........ ခုချိန်ထိကိုပဲမိုက်မဲစွာကိုသတ်မှတ်နေတုန်းပါ။

ဒါပေမဲ့ သံယောဇဉ်ရှိတယ်။
သနားလဲသနားတယ်။ခုချိန်မှာ သူတစ်ယောက်တည်းဘာကြောင့်ဖြစ်နေရတာလဲ။ချိုချိုသွင်ကရောဘယ်တွေရောက်နေလဲ။

" ကောင်းကောင်းအနားယူနော် အကို...မနက်ဖြန်ဆိုရင်တော့စိတ်ပင်ပန်းတာတွေသက်သာသွားမှာပါ "

ရင်ခွင်မှီWhere stories live. Discover now