Ep 38

1.2K 129 5
                                    

Ep 38

The sea........

ပင်လယ်ရေပြင်ကလှိုင်းတွေရိုက်ခပ်ခြင်းခံနေရတဲ့ကျောက်စောင်က ဘယ်လောက်ထိမာကျောနိုင်မာလဲ.......

အလုပ်နားရက်မို့ ဆုသံစဉ်နဲ့ကျွန်မကမ်းခြေတစ်ခုကို ရောက်နေကြသည်။ အစီအစဉ်မရှိပဲရောက်လာခဲ့တာမို့ ဘာမှထွေထွေထူးထူး ပြင်ဆင်စရာမရှိ။ ကမ်းခြေတစ်လျှောက်လမ်းလျှောက်ရင်း အခုတော့
ကျောက်စောင်ခပ်ကြ ီးကြီး တစ်ခုပေါ်မှာ နှစ်ယောက်သားအတူထိုင်ရင်း...........

" ဒေါက်တာ ဘယ်တော့ပြန်လာမယ်ပြောလဲ "

" မမေးမိဘူး "

" သူအမြန်ဆုံးပြန်လာဖို့သင့်တယ်....... ဟိုလူက ခြငေ်္သ့ လိုတော့သေစ္စာရှိနေမှာမဟုတ်ဘူး မြေခွေးလိုကောက်ကျစ်ဖို့ချောင်းနေမှာ "

" တစ်ယောက်တည်းသွားတာမှမဟုတ်တာ သူ့မိဘတွေလဲပါနေတာပဲ "

" နင်စိတ်မပူဘူးဆိုရင်လဲ....... အခုမှုန်ကုတ်နေတဲ့မျက်နှာကိုဖြေလျော့သင့်တယ် ဒါမှစိတ်မပူတဲ့ပုံစံဖြစ်မှာပေါ့..... "

ကျွန်မစိတ်မပူပဲနေပါ့မလား? ဒါပေမဲ့အဖြစ်သည်းနေတယ်ဆိုတာမျိုး သူစိမ်းတစ်ယောက်ရှေ့မှာကျွန်မအသည်းအသန်တွေ ပြာယာခက်မနေနိုင်ဘူး။ ဒါကြောင့်ပုံမှန်တိုင်းပဲစကားပြန်ပြောနေခဲ့ပေမဲ့ ဆုသံစဉ်လိုလူကကျွန်မဆီကဖုံးကွယ်တားမှုတွေကိုအလိုလိုရိပ်မိနေတယ်။ ဒါကလဲသူဖြစ်နေလို့ပါ။

" မနေ့ကစကားပြောတော့ ..... အဆင်ပြေနေသေးတယ်ဆိုရုံလေးပဲ...... "

" ကိစ္စကဘာတဲ့လဲ "

" မျက်ရည်ကျလောက်တဲ့အထိဝမ်းနည်းစရာက ဘာဖြစ်မယ်ထင်လဲ "

" ခွန်းရာ နင့်ဟာကမဟုတ်သေးပါဘူး..... ပုစၦာမဟုတ်တာကိုဘာလို့အဖြေကိုခက်ခက်ခဲခဲတွေးနေချင်ရတာလဲ...... ကိစ္စကဘာလဲ ဘာလို့မျက်ရည်ကျရတာလဲဒဲ့ပဲမေးရင်စက္ကန့်ပိုင်းအတွင်းသိမဲ့ကိစ္စကို "

" ငါမှမသိချင်တာ "

" ဟင်....... ဒေါက်တာမျက်ရည်ကျရတဲ့ကိစ္စကဘာလဲဆိုတာကို နင်ကမသိချင်ဘူးဆိုတာဖြစ်နိုင်ပါ့မလား?"

ရင်ခွင်မှီWhere stories live. Discover now