Ep 3ကားမောင်းနေရင်းက ဘေးမှ တစက်စက်တုန်နေတဲ့ ထိုအမျိုးသမီး ကိုခွန်း လှည့်ကြည့်လိုက်သည်။
" ရှင်အဆင်ပြေရဲ့လား? "
" အရမ်းအေးနေတယ်..... "
ခွန်း မလုပ်တတ်ဆုံးအရာက လူတစ်ယောက်ကိုဂရုစိုက်ပေးတာပါပဲ။
တစ်ကြိမ်တစ်ခါပဲ
မေမေနေမကောင်းဖြစ်တုန်းကမေမေ့ဘေးမှာခွန်းပဲအမြဲဂရုစိုက်ပေးရတာ။
အဲ့တုန်းကဂရုစိုက်ပေးတာတွေကသင်ယူထားတာမဟုတ်ပဲမေမေ့ကိုပြုစုပေးချင်တဲ့ခွန်းရဲ့အချစ်တွေပါ။သူစိမ်းတစ်ယောက်ကိုဂရုစိုက်ပေးရမှာကိုတော့ခွန်း တွေဝေမိတယ်။ စိတ်ထဲမပါတာကြောင့်တော်ရုံဆိုခွန်းဥပေက္ခာပြုခဲ့သည်သာများသည်။
အခု...... ထိုအမျိုးသမီးကိုခွန်းဝတ်ထားတဲ့အနွေးထည်ချွတ်ပေးဖို့ခွန်းတွေးနေမိတယ်။
ကားကိုလမ်းဘေးခဏကပ်ရပ်ရင်း ခွန်းရဲ့အနွေးထည်ကိုချွတ်ပြိးသူမကိုကမ်းပေးလိုက်သည်။
" ကျေးဇူးကလေး"
ခရမ်းရောင်အနည်းငယ်သန်းနေသောနှုတ်ခမ်းထူထူတို့ကိုခပ်ဖြည်းဖြည်းကွေးကာသူမကပြုံးပြသည်။
သိပ်လှတဲ့အမျိုးသမီးပဲ.......တောက်ပတဲ့မျက်လုံးတွေကဖေဖေနဲ့တူပြီး
နှုတ်ခမ်းထူထူတို့ကွေးညွှတ်တာဟာ မေမေနဲ့တူလွန်းသည်။
ရုပ်အဆင်းသွင်ပြင်တူတာထက်..... သူမအပေါ်ခွန်းရဲ့ခံစားချက်တွေက ထိုကဲ့သို့ပင်ခံစားမိနေတာကြောင့်ပါ။ခွန်းအထင်..... ထိုခရမ်းရောင်နှုတ်ခမ်းသွားရဲ့အပြုံးကိုဒီတစ်သက်မေ့ရတော့မည်မဟုတ်။
" ကလေးအိမ်ကိုဖုန်းဆက်ပေးရမလား...အိမ်ကစိတ်ပူနေအုံးမယ်"
" ကိစ္စမရှိပါဘူး။"
" ကလေးနာမည်ဘယ်လိုခေါ်လဲ "
" ခွန်းသစ်ချိုပါ.... နာမည်သိပြီးပြီမို့လို့ရှင်ကျွန်မကိုကလေးကလေးနဲ့ဆက်မခေါ်တော့ဖို့မျှော်လင့်ပါတယ်။"
စကားအဆုံးမှာသူမပြုံးလိုက်သည်ဟု ခွန်းခံစားမိသည်။
" ကလေး က အဲလေ ခွန်းသစ်ချိုကကလေးလို့ခေါ်တာကိုစိတ်ခုနေတာကိုး"
YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး