Ep 27

1.4K 131 14
                                    

Ep 27

ကျွန်မရုံးဆင်းတာနောက်ကျလို့ ဒီနေ့ရွယ့်ဆီကိုလဲနောက်ကျမှရောက်တယ်။
ဆေးရုံမှာဒီနေ့အားလုံးအေးရာအေးကြောင်းဖြစ်နေတာကြောင့်
ရွယ့် အခန်းလေးကိုလှမ်းကြည့်လိုက်သည်။

" ဒေါက်တာ ခုလေးတင်ပဲအပေါ်တက်သွားတယ် "

" အော်  ....... "

လှေကားပေါ်တက်နေတုန်း နားစွန်နားဖျားကြားလိုက်ရတာက

" သူကမနန်းနဲ့အမျိုးတော်တာလား"

" ဟင့်အင်း....... ဒေါက်တာကအဲ့ကလေးမကိုဘာကြောင့်များအဲ့လောက်တရင်းတနှီးနေနေလဲစဉ်းစားလို့ကိုမရတာ...... "

အဲ့စကားကကျွန်မမကြားအောင်ခပ်တိုးတိုးပြောလိုက်ခြင်းပါ။ဒါပေမဲ့အာရုံစူးစိုက်မိရင် လေပြေလေညင်းကစ သဲသဲကွဲကွဲ ကြားနိုင်တဲ့သူဖြစ်နေတာ  ကျွန်မအတွက်ကောင်းတာလားသူတို့အတွက်ဆိုးတာလား တော့မသိဘူး။

သူတို့စကားကိုဆက်နားထောင်မနေပဲ အပေါ်ထပ်ကိုပဲတက်လာလိုက်သည်။

ရွယ် ကဒီနေရာကိုတကယ်သဘောကျတဲ့ပုံပဲ။
ဒီနေရာမှာအကာအကွယ်မဲ့တိုက်ခက်တဲ့လေပြေတွေနဲ့
ကောင်းကင်ကြီးရဲ့နေဝင်ချိန်အလှဟာ နေ့ရက်တိုင်းရဲ့အလှဆုံးအချိန်တွေမို ့သူမအမြဲမော့ကြည့်နေတာလဲ မလွန်ပါဘူး။
ကောင်းကင်ကြီးကခရမ်းရောင်သန်းနေတဲ့နေ့တွေမှာဆို
ရွယ့်ကိုလေကောင်းကင်ကြီးနဲ့တွဲ မြင်ရတာသိပ်ပြီးပြည့်စုံတာပဲ။

ဂျူတီကုတ်အဖြူရောင်လေးနဲ့ အမြဲတစ်ဖတ်တညး်စုစည်းထားနဲ့ ဆံနွယ်တွေကလေနှင်ရာလွင့်နေပြီး.....

အင်း....... အနောက်ကလှမ်းကြည့်နေရင်း မခေါ်ပဲနဲ့လှည့်ကြည့်လာသည့် ဘေးတစောင်းပုံစံလေးစမြင်ရတည်းက ကျွန်မအတွေးတွေချက်ချင်းရပ်တန့်လိုက်သည်။

" ကလေး....... ဒီနားကိုလာလေ"

" .......... "

သူမအနားကိုလျှောက်သွားရင်း...... သူမလက်မောင်းလေးကိုဆွဲကိုင်ကာပုခုံးပေါ်ခေါင်းကိုအသာမှီလိုက်မိသည်။
ရည်ရွယ်ချက်မရှိခဲ့ပေမဲ့ ခွန်းအဲ့လိုလေးနေရတာကိုတကယ်သဘောကျတယ်။
တောင့်တင်းတဲ့ပုခုံးပြင်တွေမရှိပေမဲ့ အခုလိုမှီနေရရင်ကိုပဲ ခွန်းအတွက်အစစအရာရာလုံခြုံနေသလိုပါပဲ။

ရင်ခွင်မှီWhere stories live. Discover now