Ep 13

2.2K 173 22
                                    

Ep 13

ရွယ့်ကိုဆေးရူံအထိလိုက်ပို့ပြီးမှ အိမ်ပြန်လာပြီး ကျွန်မအလုပ်သွားဖို့ပြင်ဆင်နေသည်။

" ခွန်းသစ်ချိုရေ...... မနိုးသေးဘူးလားခုချိန်ထိ"

" ............ "

" ဟဲ့..... "

အခန်းရှေ့မှာဆူညံဆူညံနဲ့ လူကိုအနှောက်အယှက်ပေးနေသည့် ပွစိပွစိ
ရေချိုးတာတောင်ဖြောင့်ဖြောင့်မချိုးရဘူး ဒီရက်ပိုင်းသူမနဲ့ခွန်းသစ်ချိုလဲဘယ်လိုရေစက်ပါလိမ့်နော်။

ရေချိုးပြီး အမြန်အဝတ်စားလဲ ပြီးတံခါးသွားဖွင့်ရသည်။

" ဘာလို့အဲ့လောက်အော်နေတာလဲ"

" နင်မနိုးသေးဘူးထင်လို့လေ "

ကျွန်မမနေ့ညကပြီးပြီးရောပြောခဲ့မိတာ ခုတော့သူမနဲ့တကယ်ပဲအလုပ်ကိုအတူတူသွားရတော့မှာလား?

" ဘာကိစ္စလဲ"

" ဟာ..... ဦးနှောက်ကလဲမေ့တတ်လိုက်တာ မနေ့ကညကအလုပ်တူတူသွားမယ်လို့ပြောထားတယ်လေ"

" ငါနင်နဲ့အတူတူမသွားဘူး.... ငါ့ဘာသာငါ့လမ်းငါအေးဆေးသွားမယ် နင်လဲနင်လမ်းနင်သွား"

" သွားရမဲ့လမ်းကအတူတူပဲကို ဘုကန့်လန့်ရယ်ဘာတွေကန့်လန့်တိုက်အုံးမို့လဲ"

" နေပါဦး.... နင့်ကိုဘယ်သူကအဲ့လိုခေါ်ခိုင်းလို့လဲ"

" ဘာကိုလဲ..... အော်.... ဟော... ဘုကန့်လန့်လား နာမည်လေးကလှတယ်နော်😁"

သူမကိုကြည့်ရင်းကြည့်ရင်းတော်တေယ်လေးစိတ်အလိုမကျလာတာကြောင့်စကားလဲဆက်ပြောမနေတော့ပဲအခန်းတံခါးကိုပိတ်ပြီး လုပ်စရာရှိတဲ့အလူပ်ကိုဆက်လုပ်နေလိုက်သည်။

အခုကျွန်မအလုပ်သွားဖို့အဆင်သင့်ဖြစ်နေပြီမို့..... ပွစိပွစိအသံကိုနားစွင့်ကြည့်လိုက်သည်။
ခုဏတည်းကတိတ်သွားတာဆိုတော့ သူသွားလောက်ပါပြီ။

ဖိနပ်စီးပြီးတံခါးကိုဖွင့်ကာအပြင်သို့ထွက်လိုက်သည်။
ခြေထောက်နဲ့တစ်ခုခုတိုက်မိနေတာကြောင့် အောက်ကိုငုံ့ကြည့်လိုက်တော့..........
အဲ့တစ်ယောက်... ငုတ်တုတ် ထိုင်ပြီးတောင်ဒင်းကစောင့်နေလိုက်သေးတယ်။
သေစမ်း..... ခွန်းသစ်ချို
....သေလိုက်တော့

ရင်ခွင်မှီWhere stories live. Discover now