Ep 19
" အဲဒါငါပြောပြမယ်.... အဲ့ကိစ္စ "
" ကဲပါ... အိမ်ရောက်မှပြော နော် "
မထင်ထားဘူးဒီလောက်လေးလိမ့်မယ်လို့။
တိုက်ခန်းကိုတောင်သူမအခန်းကအပေါ်ဆုံးထပ်ဆိုတော့ ထပ်ရတဲ့လှေကားထစ်ကနည်းတာမဟုတ်။သူမအခန်းရှေ့ရောက်တော့...... အခန်းတံခါးဝမှာကျွန်မတို့နှစ်ယောက်ကိုလှမ်းကြည့်နေသည့်အမျိုးသမီး။
" ကလေး...... ဟင်.....ဘယ်လိုဖြစ်တာလဲ"
" ဟိုလေ... နည်းနည်းလေးမူးသွားတာ 😁"
ထိုအမျိုးသမီးကကျွန်မဆီကနေခွန်းကိုခေါ်လိုက်သည်။
ခုမှပဲပုခုံးတွေနည်းနည်းပေါ့သွားတော့တယ်။" မင်းရော... အဆင်ပြေရဲ့လား"
" ကျွန်မကကိစ္စမရှိပါဘူး "
" အင်းအင်း..... သူ့ကိုထားခဲ့လို့ရပြီနော် ဒီအထိပို့်ပေးလို့ကျေးဇူးပါ "
သူမကခွန်းကိုတွဲခေါ်သွားသည်။
ကျွန်မလဲခွန်းကိုလိုက်ပို့ပြီးပြီမို့လို့ ကျွန်မအခန်းဆီပြန်လာခဲ့သည်။" အော်.... ဟိုတစ်ယောက်..... မိန်းကလေးတစ်ယောက်က မူးယစ်စေတတ်တဲ့အရာတွေနဲ့ယဉ်ပါးနေတာမကောင်းဘူး... ပြုပြင်နိုင်ရင်ပြုပြုဖို့ကြိုးစားပါ "
အဲ့စကားကိုအိမ်ပြန်ရောက်တဲ့အထိတွေးမိနေတုန်း။
ထိုအမျိုးသမီးကခွန်းနဲ့ဘယ်လိုတော်တာလဲ။ဘာ်လိုတွေပတ်သက်လဲ။လှပေမဲ့ရှေးဆန်လွန်းတယ်။
ဂရုစိုက်တတ်တယ်။
တည်ငြိမ်တယ်။လူဆိုးမဖြစ်နိုင်တာသေချာတာပဲ။ခွန်းအတွက်တဲ့အဲ့အမျိုးသမီးက ဆုလာဘ်ဖြစ်လိမ့်မည်။
.
.
.မျက်ခွံခပ်လေးလေးနဲ့မပွင့်တပွင့်မျက်လုံးတွေနဲ့မွေ့ယာပေါ်ကနေကျွန်မကိုကြည့်ရင်း....
" ရှင်ပဲ.... အဲ့ဒီမူမမှန်တဲ့ကိုယ်သင်းနံ ့ကရှင့်ဆီကပဲရတာ "
" မူမမှန်ဘူးတဲ့လား "
ရိုးရိုးရေမွှေးလေးသုံးနေမိတာ မူမမှန်တဲ့အနံ ့ဖြစ်နေတာကျွန်မတကယ်မသိခဲ့ဘူး။
YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး