Ep 25

1.8K 169 22
                                    

Ep 25

တလမ်းလုံး... တိတ်ဆိတ်မှုကိုဖြိုခွင်းဖို့.. သုံးယောက်သားစကားစရှာမရဖြစ်နေသည်။
ရွယ် ကလဲခွန်းရဲ့လက်ကိုဆုပ်ကိုင်းရင်းဘာစကားမှမပြောနိုင်သေး။
ခွန်း ကလဲသူမလုပ်ခဲ့တာမှန်ရဲ့လား? သူမတို့နှစ်အတွက်နောက်ဆက်ဖြစ်ဒီကိစ္စရဲ့အကျိုးဆက်ကကောင်းနိုင်ပါ့မလားလို့ ကားမှန်အပြင်ဘက်ကိုကြည့်ရင်း တွေးနေမိသည်။

" အခု ငါတို့တိုက်ခန်းဆီပဲမောင်းလိုက်မယ်နော် "

" ရွယ်.... ရှင်အိမ်ကိုပဲ ပြန်မလား?"

" ကလေးတို့သူငယ်ချင်းနှစ်ယောက်လုံး တိူ့အိမ်ကိုပဲလိုက်ခဲ့ပါ။ "

" ဆုသံစဉ် ကားကိုရပ်လိုက် ငါမောင်းမယ် "

" နင်အဆင်ပြေလို့လား? "

" ............. "

ကျွန်မအဆင်ပြေရဲ့လားဆိုတာ ကျွန်မကိုယ်တိုင်တောင်စဉ်းစားရခက်နေမိတယ်။
အခုချိန်မှာ ရွယ် ကျွန်မနဲ့အတူရှိနေတာကိုမယုံကြည်နိုင်သေးဘူး။သူမအတွက်ခုချိန်ထိကိုစိတ်ပူနေမှုကလျော့ကျမသွားသေးတာအမှန်ပါ။

အခုကျွန်မကိုယ်တိုင်ကားမောင်းရင်း ရွယ် အိမ်ကိုချောချောမွေ့မွေ့ပဲရောက်လာခဲ့သည်။

" ခဏထိုင်ကြဦးနော်... တို့စားစရာတစ်ခုခုပြင်ဆင်လိုက်ဦးမယ်"

"ဟို....... ဒေါက်တာ ကျွန်မဒီညဒီမှာအိပ်လို့အဆင်ပြေရဲ့လား?"

" ပြေပါတယ် ညီမလေးရဲ့.... ဘာပြဿ     နာမှမရှိပါဘူး:"

" ဒါဆို ကျွန်မအိပ်ရမဲ့နေရာကိုလိုက်ပြပေးနိုင်မလား?ကျွန်မနားချင်နေပြီမို့လို့ "

" ညစာမစားရသေးဘူးမှတ်လား? ဗိုက်ဆာနေကြမှာပေါ့ "

" လာတုန်းကစားလာခဲ့တယ် "

ဆုသံစဉ်ပြန်မဖြေခင်ကျွန်မသူတို့နှစ်ယောက်စကားဝိုင်းကြားဝင်ဖြေလိုက်သည်။

ဆုသံစဉ်ကို နားရမဲ့အခန်းသူမလိုက်ပြဖို့အပေါ်ထပ်ကိုတက်သွားကြသည်။
ကျွန်မကတော့ ထိုင်ခုံမှာပဲဆက်ထိုင်နေပြီး
သက်ပြင်းတွေထပ်ခါတလဲလဲချနေမိသည်။

ရင်ခွင်မှီWhere stories live. Discover now