Ep 24
" ရှင်လိမ်တယ်ဆိုတာ ဖုန်းဆက်တည်းကကျွန်မသိတယ် "
" သိရဲ့သားနဲ့ အခုလိုလိုက်လာပေးလို့ကျေးဇူးပါ... ဒါပေမဲ့ ကိုမလိမ်ပါဘူး Baby ဟိုမှာ Accident ဖြစ်လို့ဆေးရုံတင်ထားရတယ် .... အဲဒါကိုတို့လိုက်သွားမှဖြစ်မယ် "
" ဟိုက ဆရာဝန်တွေက ကျွန်မတို့ထက်ပိုတော်ပါတယ်.... "
" ကိုတို့က မိဘတွေလေ နန်း...... ဒီလိုအချိန်သမီးလေးနားမှာအဖေရောအမေရောရှိနေသင့်တယ်"
" Babyကို video call ခေါ်လိုက်ပါ..... "
" သူအနားယူနေတဲ့အချိန်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ နန်း.... ကလေးကိုစိတ်အနှောက်အယှက်မပေးချင်စမ်းပါနဲ့ကွာ... မင်းဘာလို့ဒီလောက်ထိပြောရဆိုရခက်နေရတာလဲ "
" ဘာဖြစ်လို့လဲဆိုတော့..... ရှင့်ကိုမယုံလို့ ရှင်တို့မိသားစုနဲ့လုံးဝကိုမပတ်သက်ချင်တော့လို့.... ကျွန်မနဲ့ဆက်နွယ်တဲ့သွေးသားဖြစ်တဲ့ ကလေးကိုကျွန်မတာဝန်အပြည့်ယူပေးနိုင်တယ် ဒါပေမဲ့ရှင်တို့မိသားစုကဲ့လောင်းရိပ်အောက်ကိုတော့ကျွန်မဘယ်တော့မှပြန်မလာဘူး... ကုန်ကုန်ပြောမယ် အခုချိန်မှာ Babyအတွက်ကျွန်မအသက်ကိုပေးရမယ်ဆိုရင် ပေးလိုက်မယ် ဒါပေမဲ့ ရှင်တို့နဲ့ဆက်နွယ်နေတဲ့နေရာကိုဘယ်တော့မှခြေမချဘူး.... ကျွန်မသေရမှာထက်ရှင်တို့နဲ့ပတ်သက်ရမှာကိုပိုကြောက်တယ်။ အဲဒါစကားအကုန်ပဲ..... "
" ဒါပေမဲ့...... အဲ့ဒီတစ်ယောက်သေရမှာထက် တော့မင်းဘယ်အရာကိုမှမကြောက်လောက်ပါဘူး "
သူဘယ်သူ့ကိုရည်ရွယ်နေလဲဆိုတာ ကျွန်မသိလိုက်တယ်။
" အသိစိတ်ကပ်စမ်းပါ..... မဆိုင်တဲ့လူကို ကျွန်မတို့ရဲ့စိတ်ပျက်စရာပြဿ နာတွေထဲဆွဲမထည့်နဲ့ "
" မင်းစခဲ့တဲ့ ဇာတ်လမ်းပဲလေ... နန်း...... မင်းဆုံးဖြတ်ပါ....
ကိုဒီထက်အချိန်မဆွဲဘူး.... ဒီလောက်ထိမင်းခေါင်းမာနေလိမ့်မယ်လို့ထင်မထားခဲ့ဘူး။ ဒါပေမဲ့ကိုကြိုတင်ပြင်ဆင်ထားခဲ့တာ အခုတော့မှန်သွားတယ်။ ကိုသတိပေးခဲ့ပါတယ် ။မင်းကိုရောအဲ့ဒီကလေးမကိုရော..... ဒါပေမဲ့အခုက သတိပေးရုံလေးနဲ့မလုံလောက်တော့ ကိုပဲလူကြမ်းလုပ်ရတော့မှာပေါ့ "
YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး