Ep 29

1.4K 139 11
                                    

Ep 29

ရုံးဆင်းချိန်ရွယ့်ကိုဝင်ကြိုရင်းကျွန်မရဲ့တိုက်ခန်းဆီကိုအတူပြန်လာကြသည်။
ရှုပ်ပွနေတဲ့အခန်းငယ်ကိုအတူတူရှင်းကြရင်း ဒီညတော့ အစောဆုံးအိပ်ရာဝင်ခဲ့ကြသည်။

ညဥ့်နက်ချိန်မို့ ပတ်ဝန်းကျင်ဟာတိတ်ဆိတ်ငြိမ်သက်လှသည်။

ဒေါက် ဒေါက် ဒေါက် ( အခန်းတံခါးခေါက်သံ)

💢💢💢💢

မနက်၄နာရီ...... ဒီအချိန်အခန်းရှေ့ကတံခါးခေါက်သံအဆက်မပြတ်ကြားနေရတာကြောင့် တံခါးဖွင့်ဖို့အိပ်ရာကထလိုက်သည်။

ရွယ်တစ်ယောက်ဒီနေ့သိပ်ပင်ပန်းသွားတယ်ထင်ပါရဲ့....
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေသည်။

" ဖေဖေ.......... "

" သမီး ဖေဖေနဲ့လိုက်ခဲ့ အခုချက်ချင်း "

ဖေဖေကကျွန်မဆီကိုရုတ်တရက်ရောက်လာပြီး သူနဲ့အတူလိုက်ဖို့ခေါ်နေတာကြောင့် ဘာတွေဖြစ်လာလို့လဲစဉ်းစားမရဖြစ်နေသည်။

" ဘာအတွက်လဲဖေဖေ... ခွန်းမလိုက်ဘူးနော် "

" ခွန်း သစ် ချို "

" အသံကိုတိုးလိုက်ပါဦး ဖေဖေ.... ဒါသူများတွေအနားယူနေကြတဲ့အချိန်ပါ "

ခွန်းကသာဖေဖေ့ကိုကြည့်ရင်းပြောနေပေမဲ့ ဖေဖေကကျွန်မအခန်းရဲ့မွေးရာပေါ်မှာအိပ်ပျော်နေတဲ့ရွယ့်ဆီမျက်လုံးရောက်သွားသည်။

" ဖယ်စမ်း...... "

ဖေဖေကခွန်းကိုတံခါးနေရာကနေတွန်းဖယ်ရင်း အထဲကိုဝင်ဖို့ကြိုးစားနေတာသည်။

" သူတနေကုန်ပင်ပန်းထားတာ... နားပါစေ .... သမီးကိုဖေဖေနဲ့လိုက်ခဲ့စေချင်တာမှတ်လား? ခွန်းလိုက်ခဲ့ပါ့မယ်။သူ့ကိုတော့မနှောက်ယှက်ပါနဲ့ "

" ကောင်းပြီ....... "

ဖေဖေကအရင်ရှေ့ကသွားသည်။
အခန်းတံခါးကိုအသာပိတ်ရင်း ဖေဖေ့နောက်ကိုစိတ်မပါပဲလိုက်လာခဲ့ရသည်။

" ကားပေါ်တက် "

" .............. "

ဖေဖေ့စကားအတိုင်းပဲဘာမေးခွန်းမှထုတ်မနေတော့ဘဲ ကားပေါ်တက်လိုက်သည်။
အခုဘယ်ကိုသွားပြီး ဘာတွေဖြစ်လာမှာလဲဆိုတာ ခွန်းဘာတစ်ခုမှတွေးလို့ရမနေဘူး။
ခုလိုလိုက်တာရတာကလဲ ရွယ့်ကိုအနှောက်အယှက်ဖြစ်သွားမှာစိုးတာကြောင့်သာ လိုက်ခဲ့ရခြင်းဖြစ်သည်။

ရင်ခွင်မှီWhere stories live. Discover now