Ep 18

1.8K 132 8
                                    

Ep 18

Coffee ဆိုင်တစ်ဆိုင်ရဲ့ စားပွဲဝိုင်းတစ်ခုမှာ ဖေဖေရယ် ကျွန်မရယ်မျက်နှာချင်းဆိုင်အနေအထားနဲ့အတူထိုင်နေကြတယ်။
ဆိုင်းထဲကတချိုးစားပွဲဝိုင်းတွေမှာမိသားစုလိုက်ပျော်ရွှင်နေကြတဲ့မြင်ကွင်းတစ်ချို့.....

" ဖေဖေ "

"  ဒီနေ့ဖေဖေဝယ်ထားတဲ့တိုက်ခန်းတစ်ခန်း.... သမီးနဲ့အတူတူသွားကြည့်ကြမယ်.... "

" ဖေဖေ့အလုပ်ကိစ္စတော့မဖြစ်နိုင်ဘူးလို့ခွန်းထင်တယ်"

" သမီးကြိုက်တဲ့တိုက်ခန်းမျိုး ကိုဒီနေ့တွေ့အောင်ရှာမယ် "

" ဆိုလိုတာက........"

" အခုနေနေတဲ့နေရာကသမီးနဲ့လုံးဝမသင့်တော်ဘူး.... ဒါကြောင့်သမီးအတွက်သင့်တော်လုံခြုံမဲ့နေရာတစ်ခုကို ဖေဖေစီးစဉ်ပေးမလို့ "

ဖေဖေနဲ့ခွန်းနဲ့ကစကားလုံးတွေရည်ရွယ်ချက်တွေမှာခုချိန်ထိကိုလွဲချော်နေတုန်းပါပဲ။

" ခွန်းအတွက်မလိုပါဘူး.... အခုခွန်းနေနေတဲ့နေရာ မှာနေသားကျနေပြီနေရာအသစ်ကခွန်းနဲ့အဆင်ပြေမှာမဟုတ်ဘူး"

" ဖေဖေစီစဉ်ပေးမယ်လို်ပြောခဲ့ပြိးပြီ ခွန်းသစ်ချို..... ငြင်းတယ်ဆိုတာခွင့်တောင်းမှငြင်းခွင့်ရှိတာ....."

" ဖေဖေ..... ခွန်းဆီကတစ်ခုခုများသိချင်တာရှိလား? ဖေဖေမသိသေးဘူးထင်တဲ့အကြောင်းအရာတစ်ခုပေါ့ "

မေးလိုက်ပါဖေဖေရယ်....ခွန်းသိပ်ဖြေချင်နေတဲ့အဖြေတွေအတွက်ဖေဖေ့ဘက်ကမေးခွန်းအစရှိလာမှဖြစ်မျာမို့လို့ပါ....
အချိန်တွေမနောက်ကျသေးပေမဲ့... စောနေသေးတာတော့မဟုတ်ဘူးဖေဖေ။နောက်မကျသေးရုံပါပဲ။

" သမီးမေမေ.......... "

" မေမေ.... မေမေ...... မေမေနဲ့ပတ်သက်ပြီးဖေဖေဘာသိချင်လို့လဲဟင်"

" သမီးမေမေကိုတော့သမီးပဲ ကြည့်ပြောလိုက်ပါ..... "

ကြည့်ပြောရမယ်။
ကြည့်ပြောချင်တာတော့..... မေမေ့မျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်ရင်း ဖေဖေနဲ့အတူပြန်နေဖို့ခွန်းတောင်းဆိုချင်ခဲ့တာ.....
အခုကခွန်းစကားတွေကိုမေမေမှမကြားနိုင်တော့တာပဲ။

ရင်ခွင်မှီWhere stories live. Discover now