Ep 23

1.6K 143 10
                                    

Ep 23

" Uncle ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ ရှင် "

" ဒီရုံးမှာ ခွန်းသစ်ချို ဆိုတဲ့မိန်းကလေးရှိလား?"

" အော်...... ရှိပါတယ်ရှင့်... "

" သူနဲ့တွေ့ချင်လို့ပါ "

" အခု သူမရှိဘူးရှင့် ကျွန်မအလုပ်ကိစ္စနဲ့သူ့ကိုအပြင်သွားခိုင်းလိုက်ပါတယ် "

Reception ကမိန်းကလေးတွေက ကျွန်မကိုကြောင်တောင်တောင်မျက်လုံးတွေနဲ့ကြည့်နေကြသည်။
အခုရောက်လာတဲ့လူက ခွန်း ကိုဟိုနေ့က ကားပေါ်မှာလိုက်နှောက်ယှက်တဲ့သူဖြစ်နေတာကြောင့် ကျွန်မလိမ်လိုက်တယ်ဆိုတဲ့အကြောင်းကိုသူတို့မသိကြတာကြောင့်ပါ။

" ခွန်းသစ်ချိုက ခုဏလေးတင်မှအပြင်ကပြန်လာတာလေ "

ထိုလူထွက်သွားတော့ကျွန်မကိုသူတို့ဆီက သံသယမေးခွန်းတွေရောက်လာသည်။

" ငါမသိလိုက်ဘူး "

" အရေးကြီးတဲ့ကိစ္စဖြစ်နေရင်ဘယ်လိုလုပ်မလဲ "

" အဲ့လောက်ထိအရေးမကြီးပါဘူး...... "

ကျွန်မယူစရာရှိတဲ့စာရွက်စာတမ်းတွေယူပြီးသူမတို့ရှေ့ကထွက်လာတော့နောက်ကွယ်မှာကျွန်မအကြောင်းတီးတိုးပြောနေကြတာတွေကလိုအပ်တာထက်ကိုပိုပါတယ်။ ဒါတွေကမထူးဆန်းတော့ပေမဲ့ သူတို့ဘာအတွက်နဲ့များသူများအကြောင်းအပြည့်အစုံမသိပဲ
အလွန်အကျွန်ဝေဖန်နေကြတာလဲ။

" ဆုသံစဉ်.......... "

ကျွန်မရုံးခန်းထဲရောက်တော့..... အခန်းထဲမှာကြိုရောက်နေတဲ့ခွန်း ဆီကကျွန်မနာမည်ကိုယုံကြည်ချက်အပြည့်နဲ့လိုလိုလားလားခေါ်လိုက်တဲ့အသံ ကြားလိုက်ရသည်။

" ခွန်း...... ဘယ်တုန်းကရောက်နေတာလဲ"

" ကျေးဇူးတင်ပါတယ်..... "

သူမအတွက်ကျွန်မမဆိုသလောက်လေးကူညီပေးလိုက်တာကို သူမသိလိုက်ပုံရသည်။ပြီးတော့အဲ့အကူအညီကိုသူမတကယ်လက်ခံလိုက်ပုံပါပဲ။

" မပြောပလောက်ပါဘူး......😊"

" ............. "

ကျေးဇူးတင်စကားလေးပဲပြောပြီး ချက်ချင်းအခန်းထဲက ပြန်ထွက်သွားတော့မည့်သူမကို စကားကောင်းကောင်းပြောလို့ရချိန်လေး ပြောစရာတွေရှိနေသေးသည်။

ရင်ခွင်မှီWhere stories live. Discover now