Ep 5
" morning ကလေး "
" ကျွန်မပြန်တော့မယ်.... "
" တို့ လိုက်ပို့ပေးမယ်လေ "
" ရှင်လိုက်မပို့တာ ကျွန်မတွက်ပိုကောင်းမယ်ထင်တယ်။ "
" ဘာလို့လဲ ကလေးရဲ့.... မင်း မိဘတွေကို ညကလဲ ဖုန်းလှမ်းမဆက်ဘူး အခုလဲ တစ်ယောက်တည်းပြန်သွားမယ်ဆိုရင်.... "
" ကျွန်မအတွက် အဲဒါကစိတ်ပူစရာမဟုတ်ပါဘူး.... ရှင့်ကိုယ်ရှင်ပဲ ဂရုစိုက်ပါ"
မလိုအပ်ဘူး။ ကျွန်မအတွက် သူစိမ်းတစ်ယောက်ရဲ့ ဂရုစိုက်ပေးမှုနဲ့ စိတ်ပူပေးမှုတွေ နည်းနည်းလေးမှမလိုအပ်ဘူး။
" ခွန်းသစ်ချို.... မိန်းကလေးတစ်ယောက်အတွက် အထိန်းအကွတ်မဲ့နေတာမျိုးကို တို့ သိပ်သဘောမကျဘူး"
ကြည့်ပါဦး။ ထိုအမျိူးသမီး စကားမတတ်လိုက်ပုံက....
ခွန်း နဲ့ သူမနဲ့ ဘယ်လိုရေစက်ကြောင့်များ စုံတွေ့ရတာပါလိမ့်။ခွန်း သူမနဲ့ မျက်လုံးချင်းစုံဖို့ကြိုးစားကြည့်ပါတယ်။ ဒါပေမဲ့ အဲ့မျက်ဝန်းတွေကြည့်မိရင် သူမကိုပြောမဲ့စကားတွေ အလိုလိုနူးည့ံသွားမှာကို ကြိုသိနေတာကြောင့် ဖိနပ်ကြိုးချည်နေရင်းနဲ့သာ....
" ကျွန်မကိုယ်ကျွန်မလဲ သိပ်သဘောကျနေတယ်လို့ ရှင်ထင်နေလား? "
" ......... "
📲📲📲📲
" ဖုန်းလာနေတာ ရှင်သိရဲ့သားနဲ့ ဒီမှာဘာလို့ ဆက်ရှိနေတာလဲ"
ဖုန်းကိုင်ဖို့ အိမ်ထဲ ပြန်ဝင်သွားတဲ့ ထိုအမျိုးသမီးရဲ့ နောက်ကျောပြင်ကိုသာ ခွန်းရဲရဲ ဝံ့ဝ့ံကြည့်ရဲသည်။
ဒီပုံစံကို သဘောမကျပေမဲ့ ကိုယ်တိုင်လုပ်ယူထားတာမို့လို့ ရှင်ရော ကျွန်မရော တခြားသူတွေရော သဘောကျမနေရင်တောင် ဒီပုံစံအတိုင်းဆက်ရှိနေရမှာ ခွန်းသစ်ချိုရဲ့တာဝန်တစ်ခုလိုပဲ။
.
.
.မနက်ခင်းက နေ ညဘက်ရောက်ဖို့ တစ်နေ့တာဟာမြန်ဆန်လွန်းတယ်။
ခွန်းရဲ့အိမ် နောက်ဖေးလမ်းကြားလေးကဝင်သွားရင် အနောက်မှာ ကန်ရေပြင်တစ်ခုရှိတယ်။
မသေ သပ်တဲ့အနားသပ်ဘောင်လေးမှာထိုင်ရင်း..... ကောင်းကင်နဲ့ရေပြင်ရဲ့ စုံမှတ်ကိုလှမ်းကြည့်တယ်။

YOU ARE READING
ရင်ခွင်မှီ
Romanceရုန်းထွက်ဖို့ကြိုးစားလေ ပိုနစ်မွန်းလေနဲ့ ခွန်းအဖြစ်ကလွယ်မနေဘူး...... ရွယ် လွယ်မနေပါဘူး