Zawgyi
ဝေရင်းတယောက် နောက်နေ့ကူးပြီမို့ အိပ်ရာကထလျှက် မဖွင့်
သေးသောမျက်လုံးအား အတင်းဆွဲဖွင့်လိုက်တော့သည်။ အကျောဆန့်သန်းဝေခြင်း ပြီးသည့်နောက် ရေမိုးချိုးအဝတ်
လဲလျှက် ရုံးသို့ရောက်ချလာတော့သည်။သူရုံးရောက်တော့ ရန့်လီအလုပ်ရှုပ်နေတာကြောင့် သူဝင်မေး
ဖြစ်သည်။“မမ ဒီနေ့ဘာအရေးကြီးရှိလို့လဲဟင် ကျနော်ဘာကူညီရ
မလဲ”
“အားရှန့်လေးရောက်ပြီကို မမကလေလုပ်ငန်းအသစ်တစ်ခု
အတွက်နဲ့ ကျင်းအုပ်စုဘက်စီခဏသွားရမယ် အဲ့တော့အား
ရှန့်က ဒီကသူဌေးလေး လန်ဝမ်ကျီရဲ့ အတွင်းရေးမှုးလုပ်
ပေးရမယ်နော်”
“တကယ်ကြီးလားမမ”
“အွန်းအားရှန့် သူဌေးရှိချန်းကိုယ်တိုင် ခိုင်းထားတာမို့လို့ပါ
နော်”
“ဟုတ်ကဲ့မမ”
“မမအားရှန်လေးလုပ်ပေရးမှာတွေ ပြောပြပေးခဲ့မယ်နော်”ဝေ့ရင်းခေါင်းလေးသာ အသာညှိတ်ပြသည်။ ရန့်လီလည်း
ခေါင်းလေးကို ပုတ်ပေး ပြောစရာရှိတာများပြောပြီးနောက်“အားရှန့်လေးကတော်ပါတယ် ကဲမမသွားလိုက်အုန်းမယ်
နော် ဂရုစိုက်အုန်း ဟုတ်ပြီလား”
“ဟုတ်ကဲ့မမ”လက်ပြနှုတ်ဆက်ထွက်ခွာသွားသော ရန့်လီကိုနှုတ်ဆက်ပြီး ဝေ့ရင်းယနေ့တင်ပြရမည့် စာရင်းများကိုင်လျှက် ရုံးခန်းသို့
ရောက်ချလာသည်။“ဒေါက်!! ဒေါက်!!! သူဌေး”
ဝေ့ရင်းအသံပေးသော်လည်း အထဲမှတုံ့ပြန်သံမကြားတာ
ကြောင့် တံခါးအားဖွင့်ပြီး ခေါင်းလေးဝင်ကြည့်သည်။ အခန်း
တွင်တော့လူသူကင်းမဲ့လျှက်။ ဝေ့ရင်းလေး မျက်နှာရှုံသွား
သည်။ လူမရှိတဲ့အခန်းကို သူကတံခါးခေါက်နေတာကို။သူခေါင်းလေးကုတ်လျှက် အခန်းတံခါးပြန်ပိတ်လိုက်သည်။
“ဟွန့် သူဌေးဖြစ်ပြီး စောစောလည်းမလာဘူး ငါတို့ကြတော့
အစောကြီးထရသေး! ”
“ဘာဖြစ်တယ်!”
“အား!!! ”
“ဒုန်း!!”ဝေ့ရင်းသူ့သူဌေးကို အတင်းတုပ်နေရာမှ သူအနောက်ဘက်
ကအသံကြား အလန့်တကြားအော်ပြီ အရှေ့လှည့်ရာမှ
တံခါးနှင့်သူ့နဖူး မိတ်ဆက်သွားတော့သည်။
YOU ARE READING
Struggles Between You and me (BL) (Completed)
FanfictionHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...