Part(23)

904 76 0
                                    

Zawgyi

လင်းကျောင်မူးနေတဲ့ လန်ကျန်ကို သေချာစိုက်
ကြည့်နေလိုက်တယ်။ ဒီခန့်ညားလွန်းတဲ့သူ၊ ဘယ်
သူ့ကိုမဆို အေးစက်စက်တက်ဆံတဲ့သူက ဝေရင်း
ဆိုတဲ့သူနဲ့ကြတော့ ပြူံပျေည်နေတယ်၊ နူးညံမှုမြတ်
နိုးမှုတွေ အမြဲတွေ့နေရတယ်။

သူကျတော့ရော။ သူကျတော့ဒါမျိုး ဘာလို့မရခဲ့တာ
လည်း။ သူမက သူမလိုချင်တာကို မရရအောင်ယူ
ရမှာပဲ။ လန်ကျန်ကိုဒီနေ့သူမ ပိုင်ဆိုင်စေရမယ်။

သူမရဲ့လက်တွေဟာ တဖြည်းဖြည်းလန်ကျန်
ခန္ဓာကိုယ်ထက်မှ စတင်ရွေ့လျားလို့လာတယ်။
သူမလန်ကျန်နှင့် မျက်နှာချင်းဆိုင်ပြီး သူနှုတ်ခမ်း
ထက် အနမ်းခြွေဖို့လုပ်ပေမဲ့ ကြားလိုက်ရတဲ့စ
ကားတစ်ခွန်းက သူ့မကိုဒေါသထွက်စေတယ်။

“ဝေရင်း.... ဝေရင်း”

မူးနေတာတောင်မှ တနေတဲ့သူကဝေရင်းတဲ့လား။
သူမစိတ်ဒေါသထွက်လာတာနဲ့အတူ လန်ကျန်ရဲ့
လည်ပင်းသားတွေကို စတင်နမ်းနေတော့သည်။
မူးနေတဲာလန်ကျန်ကတော့ သူမကိုတွန်းထုတ်နေ
ပေမဲ့ သူမကလည်းတောက်တဲ့တစ်ကောင်လို
ကပ်တွယ်နေမိတယ်။

“မင်း....မင်း...ဝေရင်းမဟုတ်ဘူး! ဖယ်!! ဖယ်စမ်း”

အော်...အသိစိတ်လွတ်နေတာတောင် ဝေရင်း
ဟုတ်မဟုတ်ခွဲခြားနိုင်တယ်တဲ့လား။ ဟင့်အင်းမရ
ဘူး ရှင့်ကိုကျမပိုင်ဆိုင်စေရမယ် လန်ကျန်။

ဒါပေမဲ့ငူတို့မတို့ အခန်းတံခါးကပွင့်လာပြီး လူနှစ်
ယောက်ဝင်လာခဲ့တယ်။ ထိုလူနှစ်ယောက်ကလည်း
လန်ကျန်နဲ့သူမနဲ့ကို အတင်းဆွဲခွာနေတော့တယ်။
သူမရုန်းကန်းရင်း ပြောဆိုနေမိတော့ တယ်။

“နင်တို့ဘာလုပ်တာလည်း ဒါငါ့ချစ်သူဖယ်စမ်း!!”
“ဘာ!! မင်းမှာအရှက်မှရှိသေးရဲ့လား”

သူမသေချာကြည့်မိတော့ သူမကိုဝါးစားမထက်
ကြည့်နေတဲ့ ဝေရင်းနဲ့စုန်လန်။ သူတို့ဘယ်လိုလုပ်
ဒီရောက်လာကြတာလဲ။ မဟုတ်ဘူး! လန်ကျန်ကို
ငါပိုင်ရမယ်။ သူ့ကိုငါပိုင်ဆိုင်ရမယ်။!!

“ဟန့်! လန်ကျန်သူ့ကငါ့အပိုင်း ဝေရင်းနင်အရှက်
မရှိတဲ့သူ လန်ကျန်ကိုငါ့ဆီက လုသွားတဲ့သူ”
“ငါကလုတာလား မင်းကလုတာလား မင်းသိ
မယ်ထင်တယ် မင်းလိုမိန်းကလေးက မျက်နှာ
လေးနဲ့တောင် မလိုက်ဖက်လိုက်တာ”
“ဟန့် ဒါနင်ပြောစရာမလိုဘူး နင်နဲ့ငါကအဆင့်တူ
လို့လား ဖယ်စမ်း! နင့်လက်တွေ လန်ကျန်က ငါ့အ
ပိုင်”

Struggles Between You and me (BL) (Completed)Where stories live. Discover now