Zawgyi
ကုတင်ထက်မှာ လဲလျောင်းနေတဲ့ဝမ်နင်ဘေးနား
မှာ သူထိုင်နေမိတယ်။ မထိရက်မကိုင်ရက် တစိမ့်
စိမ့်စောင့်ကြည့်ခဲ့ရတဲ့ သူ့ချစ်ရတဲ့သူ။နည်းနည်းပိန်သွားသလို အစာသေချာမစားပြန်
ဘူးလား ကောင်လေး။ ကောင်လေးရဲ့ပါးမို့မို့လေး
ကို သူကိုင်ကြည့်နေမိတယ်။ နူ့ညံ့လိုက်တာ ဂွမ်း
သားလေးလိုပဲ။ဝမ်ချောင်သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ထွက်ပေါ်
လာခဲ့တယ်။ မင်းကိုတွေ့ချင်တိုင်းမှာ ကို့ဟာအမြဲ
ပြုံးနေတဲ့သူပါ။ မပြုံးချင်ယောင် ဆောင်နေရုံပါပဲ။ခဏနေတော့ ဝမ်နင်မျက်ခွံလေးတွေ လှုပ်ရှားလာ
တာမို့ သူဝမ်နင်မျက်နှာမှ လက်ဖဝါးကို ချက်ချင်း
ဖယ်ပြစ်လိုက်တယ်။ အခုနက အပြုံးတွေနေရာမှ
ခပ်တည်တည်ပုံစံက အစားထိုးဝင်ရောက်လာတယ်ဝမ်နင်အနားမှာ ထိုင်နေရာမှ မတ်တပ်ရပ်လို့ ဝမ်နင်
ကို နောက်ကျောလှည့်ထားလိုက်တယ်။ ဝမ်နင်သူ
အိပ်ပျော်နေရာမှ နိုးလာတော့ ပါးပေါ်မှာ အနွေးတစ်ခုခုကို ခံစားနေရသလိုပဲ။ ဘေးဘီဝဲ
ယာကို ကြည့်လိုက်တော့ သူ့ကိုကျောပေးထားတဲ့
သူ။ သူသိပါတယ် သူယောက်ဖဝမ်ချောင်။“မင်းနိုးလာပြီလား”
“ဟုတ်...ဟုတ်ကဲ့”အေးစက်စက်စကားတစ်ခွန်းသာ ထွက်ပေါ်လာတဲ့
သူ။ ဝမ်နင်သူ့ကို ကြောက်တယ်။ သူ့အသံမာမာ
အောက်မှာ ပြန်ပြောလာတဲ့စကားသံ သေးသေး
လေးကြောင့် သူနှလုံးသားလေးက တငြိမ့်ငြိမ့်နဲ့ လှုပ်ရှားနေတယ်။ အား.....ရူးတော့မှာပဲ“မင်းဒီနေ့ လန်ကျန်တို့နဲ့သွားတွေ့တယ်ဆို ဝမ်ကျူ
လျိုပြောတယ် ဟုတ်လား”
“ဟုတ်....ဟုတ်...ပါတယ်”
“ဘာကြောင့်လဲ”
“ဝေရင်းက ကျနော့်ကိုတခါကူညီပေးဖူးပါတယ် အဲ့
အနေနဲ့ သူကိုပြန်ကူညီရုံပါ”
“မင်းအသတ်ပါပါသွားနိုင်တာကို မင်းကသူ့ကို ကူညီမယ်ပေါ”
“ကျနော်ကနဂိုတည်းက သေလူပါပဲ လူသတ်လို့
မသေရင်တောင် ရောဂါနဲ့သေမဲ့သူပါ”
“ငါခွင့်မပြုဘူးဆိုရင်ကော မင်းသေမှာကိုလေ”
“အဟန့်! အကိုနဲ့ကျနော်က ဘာဆိုင်လို့လဲ ကျနော့်
သေရေးရှင်ရေးက ကျနော့်ကိစ္စပါ”
“မင်း.....!!!”
![](https://img.wattpad.com/cover/211008010-288-k598872.jpg)
YOU ARE READING
Struggles Between You and me (BL) (Completed)
FanfictionHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...