Part(10)

1.3K 102 0
                                    

Zawgyi

လန်ကျန်တို့အစည်းအဝေးသို့ ရောက်တော့လူစုံပြီ
မိုသက်ဆိုင်ရာတွင် ဝင်ထိုင်လိုက်သည်။ ပြီးနောက်
ဝေရင်းကလိုအပ်သည့်စာရွက်များ လိုက်ဝေပေး
လိုက်သည်။

ဆွေးနွေးတင်ပြလိုသည်များ ပြီးစီးပြီးနောက် လန်
ကျန်ကစုန်လန်ရောက်လာနာကြောင့် စကားဆိုနေ
တာမို့ ဝေရင်းသူ့နေရာသို့ပြန်လာလိုက်သည်။

ခုံ၌သူထိုင်ချလိုက်စဉ်တွင်မှာပင် ခြေထောက်သည်
စူးအောင့်လာတော့သည်။ ဝေရင်းခြေထောက်ကို
ပတ်တီးစည်းထားသည့်နေရာအား ဖယ်ပြီးကြည့်မိ
တော့ ခြေထောက်တစ်ခုလုံးရောင်ကိုင်းနေပြီဖြစ်
သည်။

သူပြန်စဉ်းစားကြည့်မိတော့ မနက်ကတည်းကပြေး
လွှာနေတာဒီအနာကို ဂရုမစိုက်မိ။ ခုတော့အနာက
ရောင်ကိုင်းပြီ ကိုက်လာပြီဖြစ်သည်။ ဝေရင်းလည်း
တင်းခံပြီးနေရန်ဆုံးဖြတ်လိုက်သည်။ မနေလို့လည်း
မရအခုကအလုပ်မှာလေ။

ဝေရင်းထိုအနာအား ဂရုစိုက်မနေတော့ပဲ အလုပ်
သာထိုင်လုပ်နေလိုက်သည်။ တစ်ချက်ချက်အ
နာကထိုးကိုက်လာတာမို့ သူညည်းတော့ညည်းမိ
သည်။

"အာ့ ကျွတ် ကျွတ် တကယ်ပါပဲ နေနှင့်အုန်း အိမ်
ရောက်မှ နင့်ကိုခုတ်ဖြတ်ပြစ်မယ် အဲ အဲ့လိုလည်း
မဖြစ်သေးပါဘူး ငါမသန်စွမ်းဖြစ်သွားမှာပေါ့ အဲ့တာထားလိုက်ပါ ခုတော့နာတယ်လို့ အဟင့်"

ဝေရင်းတင်းခံနေပေမဲ့ အရမ်းနာလာတာကြောင့် မျက်ရည်ကဝေ့တက်လာတော့သည်။ သူကယောက်ကျားသား တစ်ယောက်ပေမဲ့လို့ သူကပင်ပျော့ညံ့တာလားမသိ သူတစ်ခုခုဖြစ်
ချိန်ဆိုအမေကအနားမှာ ရှိပေးတတ်တာကြောင့် ခုတော့ဘယ့်သူမှဂရုစိုက်မဲ့သူမရှိ သူအားငယ်လာ
တော့သည်။

မကြာမီလန်ကျန် စုန်လန်နှင့်အတူ စကားတပြော
ပြောနှင့် ရုံးခန်းရှေ့ရောက်သော်။ ဝေရင်းမျက်ရည်
ဝေ့နေတာ တွေ့လိုက်တာမို့ အနားသို့အလျှင်အမြန်
ပြေးသွားမိသည်။

"ဝေရင်းမင်းဘာဖြစ်တာလဲ ဘာဖြစ်လို့ငိုနေတာလဲ ဘယ်သူဘာလုပ်လို့လဲ ဟန်! ငါ့ကိုပြောစမ်း"
"ဟို...ဟို...အဟင့်"
"ဝေရင်းဘာဖြစ်တာလဲလို့"
"ဝမ်ကျီဖြေးဖြေးမေးပါကွာ မင်းကလည်း ဝေရင်း
မင်းကကော ဘာဖြစ်တာတုန်း"
"ခြေထောက်ကအရမ်းကိုင်နေလို့ "
"ဟင်"

Struggles Between You and me (BL) (Completed)Where stories live. Discover now