Part(15)

1K 89 1
                                    

Zawgyi

ဝမ်ကျီပြောစရာရှိတာအကုန်ပြောပြီးနောက် သူအခန်းထဲတွင် ခဏတာထိုင်နေလိုက်သည်။
သူ့ဦးလေးကိုပြောရဲ့ပါ့မလားလို့ သုထင်မိပေမဲ့
အခုတော့အကုန်ပြောနိုင်ခဲ့တာမို့ သုစိတ်အတော်
ပေါ့သွားတော့သည်။

မကြာခင်ရှိချန်းအခန်းထဲဝင်လာပြီးနောက် သူ့ဘေး
နားတွင်လာထိုင်သည်။

“ဝမ်ကျီမင်းပြောလိုက်တာတွေက..... အင်း”
“ကျနော်သိပါတယ် ဒါပေမဲ့ကျနော်ရအောင် ရင်
ဆ်ုင်မှာမို့ အကိုကလည်းကျနော့်အတွက် အား
တစ်ခုဖြစ်ပေးပါ”
“အင်းပါ ဝမ်ကျီအကို့ညီလေးအတွက် အကိုအမြဲ
ရပ်တည်ပေးပါ့မယ်”
“ဟုတ်ကဲ့အကို”

မနက်နေရောင်ခြည်က ကွန့်မြူးလို့လာပြန်ပြီ ဝမ်ချောင်တစ်ယောက် ညတစာညလုံး ဘားတွင်
သောင်းကျန်းပြီးနောက် အိမ်သို့မနက်အစောပိုင်း
ပြန်ရောက်လာလေသည်။

သူအပေါ်ထပ်သို့တက်လှမ်းရင်း ဟထားတဲ့တံခါးမှ
တစ်ဖက်ရှိမြင်ကွင်းကြောင့် သူ့ခြေလှမ်းများရပ်
တန့်သွားတော့သည်။

သူတံတွေးတစ်ချက်မြို့ချလိုက်ပြီးနောက် ထိုအခန်း
ဆီသို့သာလျှောက်လှမ်းလာခဲ့သည်။ သူတံခါး
ပေါက်ကြားမှ ချောင်းကြည့်နေရာမှ မနေနိုင်တော့
ပဲ တံခါးကိုအားနဲ့ဆွဲဖွင့်လိုက်မိတော့ သူကိုနောက်
လှည့်ကြည့်လာတဲ့တစ်စုံတစ်ယောက်။

ဝမ်ချောင်ထိုလူသားအား စိုက်ကြည့်နေတာကြောင့်
ထိုလူသားလေးမှ တုန်တုန်ရင်ရင် အသံထွက်လာတော့သည်။

“အ...အကို ဝမ်ချောင် ဘာ...ဘာဖြစ်လို့လဲ”
“မင်း ဝမ်နင် မင်းကကောဘာလုပ်နေတာလဲ”
“ကျနော် ရေချိုးပြီးလို့ အဝတ်လဲနေတာပါ ခိုင်းစရာ
များရှိနေလို့လား”
“မင်းအဝတ်လဲတာ ဘာလို့တံခါးသေချာမပိတ် တာ
လည်း ဒီမှာမင်းပဲနေတာမဟုတ်ဘူး အပျိုလေးတွေလည်း ရှိတယ်နောက်တစ်ခါ ဆင်ခြင်"
“ဟုတ်...ဟုတ်ကဲ့ အကိုဝမ်ချောင်”

ဝမ်ချောင်မြင်သွားမိသည့်က ဝမ်နင်အဝန်လဲနေ
သည်ကိုပင်။ အရင်ကလည်းဒီလို့မင်နေကြပါပဲ ဘာ
လို့ဒီနေ့မှထူးဆန်းနေလဲ ဝမ်ချောင်မစဉ်းစားတတ်
တော့။

Struggles Between You and me (BL) (Completed)Where stories live. Discover now