Zawgyi
ဝေရင်းရုံးရောက်တော့ အတွင်းခန်းကိုကြည့်ပေမဲ့
လန်ကျန်ကိုမတွေ့တာကြောင့် သက်ပြင်းလေးချ
လျှက် ခုံတွင်ထိုင်နေလိုက်သည်။ဝေရင်နောက်ကျောလေးကို ပုတ်လာသူကို ဝေရင်း
အကြည့်ပို့တော့ ရန်လီပင်။ ရန်လီလည်း သတ်မှတ်
ထားရာနေရာတွင် ထိုင်လိုက်ပြီးနောက် စကားစ
သည်။“အားရှန့် ခုတလောဘာတွေဖြစ် ပျက်နေလဲ မမကို
ပြောပါအုန်း ရုံးတစ်ခုလုံးအားရှန့်နဲ့ သူဌေးအကြောင်း ပြောနေတာတွေက အမှန်တွေ
လား”
“မမအဲ့တာကလေ ဟို....”
“အားရှန့်လေး သေချာပြောပြမှ မမသိမှာပေါ့ ပြောပြ ”
“မမလက်ခံနိုင်ပါ့မလားတော့ မသိဘူး ကျနော်နဲ့
လန်ကျန် အဲ သူဌေးနဲ့က ချစ်သူတွေပါ”
“တကယ်အမှန်ပဲပေါ့အားရှန့် မမလက်မခံနိုင်စရာ ဘာအကြောင်းမှမရှိပါဘူး ဒါကအားရှန့်ကိုယ်တိုင်
ပဲရွေးချယ်ရမှလေ မမတကယ်ဝမ်းသာပါတယ်”
“ဟုတ်ကဲ့မမ အားရှန့်မနက်စာ နည်းနည်းပဲစား
လာရတယ် မမမုန့်ပါလား”
“ဟော် ဒီကလေးလေးကတော့ မုန့်တောင်းကောင်း နေတုန်းပါလား ချစ်သူတောင်ရနေပြီကို”
“မုန့်နဲ့ချစ်သူနဲ့က ဘာမဖျမဆိုင်ပါဘူး မမရယ် ရှန့်ရှန့်တွက် မုန့်ပါလားလို့ ”
“ပါပါတယ် အားရှန့်လေးရဲ့”ကလေးတစ်ယောက်သဖွယ် မုန့်တွေစားနေသော
အားရှန့်ကို ရန်လီပြုံးကြည့်နေမိသည်။ သူဌေးလန်က ဂရုစိုက်ပြီးတကယ်ချစ်ပေးမဲ့သူမို့ သူမအားရှန့်အစား ပိုပျော်မိပါတယ်။“နင်က ဝေ့ဝူရှန်နော်”
မောင်နှမနှစ်ယောင်သား အပြုံးကိုယ်စီရှိနေရာမှ အသံကြားရာသို့လှည့်ကြည့်မိတော့။ တံခါးဝမှာ
မတိတပ်ရပ်နေတဲ့ ဝမ်လင်းကျောင်။“ဟုတ်ပါတယ်”
“အဲ့တာဆို နင်ငါနဲ့ခဏလိုက်ခဲ့ ပြောစရာရှိတယ်
တစ်ယောက်တည်းလိုက်ခဲ့ပါ ”
“အော် ဟုတ်ကဲ့”
“အားရှန့်”
“မမ ရပါတယ် ကျနော်တစ်ယောက်တည်း သွား
လိုက်မယ်”ထွက်သွားမဲ့ သူ့လက်ကိုလှမ်းဆွဲလိုက်သူ ရန့်လီ
ကြောင့် ဝေရင်အသာဖြေသိမ့်ပြီး လင်းကျောင်အ
နောက်သို့ လိုက်လာခဲ့မိတယ်။

YOU ARE READING
Struggles Between You and me (BL) (Completed)
Fiksi PenggemarHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...