Part (18)

987 74 1
                                    

Zawgyi
လန်ကျန်လုပ်ရပ်ကိုကြည့်ပြီး မှင်သက်နေသူနှစ်
ယောက် ရှိချန်းနဲ့စုန်လမ်။ ဘယ်သူ့ကို ဘာပြော
ပေးရမလဲမသိအောင် နှစ်ယောက်သားအတန်
ကြာရုပ်သေနေဆဲပင်။

ရှိချန်းကတော့ ဖုန်းသံကြားခါမှပြန်အသက်ဝင်လာ
လေသည်။ ဖုန်းခေါ်ဆိုသူကို ကြည့်မိတဲ့တစ်ခါဏ
ရှိချန်းမျက်နှာတွင် အပြုံးတစ်ခုပေါ်ထွက်လာတော့
သည်။

“အင်း...အခုလား! တကယ်! ခဏစောင့်နော် ချက်
ချင်းလာခဲ့မယ်”

ရှိချန်းဖုန်းချပြီးသည်နှင့် အနားကစုန်လန်ကို လှမ်း
ဖက်နေတော့သည်။ စုန်လမ်ကတော့ ကြောင်အနေ
ဆဲပင်။ ရှိချန်းကတော့ အပျော်လွန်းပြီး ထွက်သွား
ပေမဲ့လို့ သူကတော့ ဒီတိုင်းကျန်ခဲ့လေသည်။

“ဒီလန်ညီနောင်တွေ ဘာဖြစ်နေကြတာလဲ ငါကရော ဘာလို့တစ်ယောက်ထဲ စကားပြောနေ
တာလဲ သူတို့နဲ့ကြာကြာနေရင် ငါရူးတော့မှာ”

ရှိချန်းအပြေးရောက်လာသည့် နေရာကလေဆိပ်
တစ်ခု။လေဆိပ်လူစောင့်နေရာနေရာမှ ရပ်လျှက်လာမဲ့
သူကိုစောင့်မျှော်လေရဲ့။ ရှိချန်းဘယ်လောက် စိတ်လှုပ်ရှားနေမှန်းမသိ စောင့်နေရမှ မတည်မ
ငြိမ်ဖြစ်နေသူပါ။

ဘေးကလူတွေကတော့ သူ့ကိုမျက်စိနောက်နေ
လောက်ပြီပင်။ ရှိချန်းတို့ဒါကိုဂရုစိုက်မနေနိုင်
ပါ အခုသူအရမ်းပျော်နေတာပဲသိတယ်။

သူစောင့်နေတုန်း အနောက်ကသူ့ကိုခေါ်သံ
ကြောင့် သူလှည့်ကြည့်မိတယ်။ ဒါပေမဲ့သူမျှော်လင့်
သူမဟုတ်တာမို့ ရှိချန်းအနည်းငယ် သုန်မှုန်သွား
တော့သည်။ သို့သော်အပြုံးကိုယ်တော်ပီပီ အပြုံး
ရေးရေးရှိနေဆဲ။

“ရှောင်ကောကောက အရမ်းချောတာပဲ ”
“အော်ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

ရှိချန်းမသိသော မိန်းကလေးနှစ်ယောက်က သူ့ကို
လာပြောခြင်းဖြစ်တယ်။ ရှိချန်းသူ့တို့ကို စကားပြော
ဖို့စိတ်မပါပေမဲ့လို့ ထိုမိန်းကလေးများကတော့ အတင်းရောနေတော့သည်။

“ကောကောက ဒီမှာဘယ်သူ့လာစောင့် နေတာလဲ
ဟင်သိလို့ရမလား ချစ်သူကောင်းမလေးလား”
“ဟယ် နင်ကလည်းဖြစ်နိုင်ပါ့မလား မိသားစု
ဝင် လာစောင့်တာမဖြစ်နိုင်ဘူးလား အမတို့ဘာတို့
ပေါ့”
“အေးနော် ကောကော ညီမတို့ကောကောနဲ့ ခင်
လို့ရမလားဟင် နော်ကောကော”
“အာ! ဒါက ဘယ်လိုပြောရမလဲ”
“ဘယ်လိုမှပြောမနေပါနဲ့ နော်ကောကော”
“ဟုတ်တာပဲကောကောရယ် အသားပဲ့မပါပါဘူး အကောင့်လေးသိချင်ယုံပါ သူငယ်ချင်းဖြစ်ချင်
လို့ပါ”

Struggles Between You and me (BL) (Completed)Where stories live. Discover now