Extra(3)(Final)

1.4K 62 3
                                    

Zawgyi

လအတော်ကြာပြီနောက် ကျင်းလင်းလေးလည်း
အရွယ်ရောက်လာလိုက်တာ လမ်းတောင်လျှောက်
တက်နေပြီဖြစ်သည်။  ပြီးတော့ဒီနေ့ကအထူးတ
လည်နေ့လေးဖြစ်နေတယ်။

ဒါကတော့လန်ကျန်နဲ့ဝေရင်းတို့နောက်တစ်ကြိမ် လက်ထပ်ကြခြင်းသာဖြစ်ပေတယ်။ ဝေရင်းကသူ့
လက်ထပ်ပွဲမှာ သူတူလေးပါရှိစေချင်တယ်ဆို
တာကြောင့် လန်ကျန်တို့လက်ထပ်ပွဲကို အကျည်း
ချုံ့ပစ်လိုက်ရသည်လေ။

ဒီတစ်ခါတော့ဘုရားကျောင်းမှာသာ လက်ထပ်ဖို့
ပြင်ဆင်လိုက်ကြတယ်။ အနီးအနားကမိတ်ဆွေ
တွေနဲ့အတူ လက်ထပ်ပွဲကအရင်ပွဲတုန်းကထက်
ပိုစည်ကားနေတာပင်။ ဒီတစ်ခါတော့ အတွဲနှစ်တွဲ
ဖြစ်နေပြီလေ။

လန်ကျန်အကိုရှိချန်းလည်း ဒီနေ့မှာပဲသူတို့နဲ့အတူ
လက်ထပ်ကြတာပင်။ ဝေရင်းနဲ့မုန်ယောင်တို့ အခန်းထဲမှာ ပြင်ဆင်နေကြတယ်။ လန်ကျန်နဲ့
ရှိချန်းတို့ကတော့ အပြင်မှာဧည့်ခံနေကြတာပေါ့
ပွဲစဖို့အသိပေးလာတာကြောင့် ဝေရင်းတို့တွေထွက်
လာကြတယ်။

ဘုရားကျောင်းရဲ့တခါးမကြီးကိုဖွင့်လိုက်ချိန်မှာ လှမ်းဝင်လာတဲ့ခြေလှမ်းလေးတွေ။ ဘုရားကျောင်း
အပေါ်ထပ်က ခေါင်းလောင်းသံလေးတွေကလည်း
ဆည်းလည်းလေးတွေအလား သာယာစွာမြည်နေ
ကြတယ်။ သူလျှောက်လှမ်းဝင်လာတာနဲ့ သူ့ကို
လှည့်ကြည့်လာတဲ့ လူထုတွေ။

သူရင်တို့အတိုင်းမဆခုန်လာပြီ ဒီနေ့လေး ဘယ်
တော့မှမလဲနိုင်တော့မဲ့နေ့လေး အားလုံးရဲ့အဆုံး
မှာသူ့ကိုစောင့်မြှော်နေတဲ့ လူတစ်ယောက်။အမြဲ
လို သူ့ကိုပြုံးပြပေးနေတဲ့သူ သူချစ်ရပါသောလန်
ရှိချန်း။

ဒီနေ့မှဒီလူကြီးကအရမ်းခန့်ညားလွန်းလိုက်တာ ပုံ
စံတစ်မျိုးနဲ့ကြည့်ကောင်းနေတဲ့ လူကြီးကမကြာခင်
သူ့အပိုင်ဖြစ်လာတော့မယ်။ သူအရမ်းပျော်သလို
စိတ်လည်းလှုပ်ရှားလွန်းတယ်။

တံခါးမကြီးကနေတစ်လှမ်းချင်းလျှောက်လှမ်းလာ
တဲ့ချစ်ရသူလေး စိတ်လှုပ်ရှားမှုလေးတွေကို သူ
မြင်နေရတယ်။ အရမ်းချစ်ဖို့ကောင်းလွန်းတယ် ကလေးလေး။ ကို့ရဲ့ယောက်ကျားလေးဖြစ်လာ
တော့မဲ့ ကိုရဲ့အပြုံးပိုင်ရှင်လေး မုန်ယောင်။

Struggles Between You and me (BL) (Completed)Where stories live. Discover now