Part(19)

956 78 0
                                    

Zawgyi

ဒီနေ့တော့ ဝေရင်းစိတ်အရမ်းလှုပ်ရှားနေပါတယ်
လေ။ ဘာလို့ဆို လန်ကျန်ကသူ့ဦးလေးနဲ့တွေ့
ပေးဖို့ ကျနော်ကိုခေါ်လာခဲ့တယ်လေ။ အခုပင်
သူတို့အိမ်ရှေ့ရောက်နေပါပြီ။

ခြံအကျယ်ကြီးထဲမှာ ခမ်းနားစွာတည်ရှိနေတဲ့ နှစ်
ထပ်အိမ်ကြီး။ ခြံကျယ်ကြီးထဲတွင်လည်း ပန်းပင်
မျိုးစုံစိုက်ပျိုးထားသေးသည်။ တကယ်လှပါပေ
တယ်။

အံ့ဩတကြီးသူ့အိမ်ကိုလိုက်ကြည့်နေတဲ့ ဝေရင်း
ကို အိမ်ထဲသို့လန်ကျန်ဆွဲခေါ်လာလိုက်သညိ။
ရောက်တည်းက လိုက်ကြည့်နေတာမပြီးသော။ အသစ်အဆန်းနေရာတစ်ယောက် ရောက်နေသလို
ပင်။

ဧည့်ခန်းသို့ဝေရင်းကိုခေါ်လာတော့ အသင့်ထိုင်
စောငိ့နေသူ ဦးလေးနဲ့သူမိတ်ဆက်ပေးလိုက်တော့
သည်။

“ဝေရင်း ဒါကို့ဦးလေး လန်ချီရန်”
“တွေ့ရတာဝမ်းသာပါတယ် ဦးလေး”
“ဦးလေး ဒါကဝေဝူရှန် ဝေရင်းပါ”
“အင်း အင်း ထိုင်ကြ ထိုင်ကြ”

ဦးလေးထိုင်ခွင့်ပြုတာကြောင့် နှစ်ဦးသား ဆိုဖာခုံ
အထက်တွင်ထိုင်လိုက်ကြတော့သည်။ ချီရန်စ
ကားစလိုက်သည်။

“ဝေရင်း ဝမ်ကျီကမင်းအကြောင်း အကုန်ပြောပြ
ထားတာမို့ အထူးတလည်မေးစရာမရှိပါဘူး မင်း
ကိုအဓိကမေးချင်တာက မင်းဒီလမ်းကိုရွေးချယ်
လိုက်ရတာကို နောင်တရလား”
“ကျနော်မရပါဘူး နောင်တရဖို့မလိုအောင်ကို ကျနော်ကိုလန်ကျန်က ချစ်ပေးခဲ့သလိုဂရုစိုက်
ပေးခဲ့တာပါ အခုလိုလေးကိုပင် ကျနော်အရမ်း
ကျေနပ်သလို ပျော်လည်းပျော်ပါတယ်”
“အင်း ဟုတ်ပြီလေ မင်းတို့ဆက်သွားမယ်ဆို အခက်အခဲအများကြီး ကြုံတဲ့အခါရော မင်းဘာ
လုပ်မှာလဲ”
“ကျနော်အနေနဲ့ကတော့ နှစ်ယောက်အတူ လက်တွဲလို့ဖြတ်ကျော်မယ် လန်ကျန်အတွက်
ကျနော့်က အားတစ်ခုဖြစ်စေရပါ့မယ်”
“အင်း! ကောင်းပြီလေ ဒါဆိုလည်းမင်းတို့ အတူ
ဖြတ်ကျော်ပေါ့ ”
“ဦးလေးဆိုလိုတာကဘာလည်း”

မသိသလိုမေးလာတဲ့ တူတော်မောင်ကို ချီရန်ပြုံး
ပြလိုက်သည်။

“အော် ဆိုလိုတာက မင်းတို့ကို လက်ထပ်ပေးမလို့
လေကွာ”
“ဗျာ!!”

Struggles Between You and me (BL) (Completed)Where stories live. Discover now