Part(27)

944 70 0
                                    

Zawgyi

ရက်သတ္တပတ်ကြာပြီးနောက်မှာတော့ ဝေရင်းတို့
မင်္ဂလာပွဲလေးကျင်းပပါပြီ။ အားလုံးမျက်နှာမှာ
အပြုံးကိုယ်စီနဲ့ စိတ်ချမ်းသာစရာနေ့ထူးနေ့မြတ်
လေးဖြစ်လို့နေတယ်။

သတို့သားအဝတ်လဲခန်းထဲမှ လန်ကျန်တစ်
ယောက်။ အနောက်တိုင်းဝတ်စုံအမဲရောင်နဲု့
ပုံမှန်ထက် ခန့်ညားနေတဲ့သူ။ အားလုံးပြင်ဆင်ပြီး
နောက် ထိုင်ခုံမှာ တောင့်တောင့်ကြီးထိုင်နေတဲ့လန်
ကျန်။

ရှိချန်းဝင်လာပြီး သူ့ဘေးနားလာထိုင်နေတာ
တောင် သတိမမူမိတဲ့သူ။ ရှိချန်းပုခုံးကို ပုတ်လိုက်မှ
သတိဝင်လာတဲ့လန်ကျန်။

“ဝမ်ကျီဘာဖြစ်လို့လဲ တစ်ခုခုဖြစ်နေလို့လား”
“ကျနော်စိတ်လေးနေလို့အကို တခုခုကို စိုးရိမ်နေ
သလိုပဲ”
“လက်ထပ်ပွဲကြောင့်ထင်တယ် မစိုးရိမ်ပါနဲ့ အကုန်
လုံးအဆင်ပြေသွားမှာပါ ဝမ်ကျီစိတ်အေးအေး
ထားပါ”
“ဟိုတစ်နေ့က ကျနော်တို့သတိပေးသွားတာလေ အဲ့အကြောင်းကိုစိတ်ပူနေတာ”
“ဝမ်ကျီအဲ့အတွက်က ရန့်လီမောင်လေးက လုံခြုံရေးတာဝန်ယူပေးထားတယ် မဟုတ်လား ”
“ဟုတ်တယ်အကို”
“ကို့လူရင်းတွေဆိုတော့စိတ်ချရမှာပါ သိပ်တွေးမနေနဲ့တော့”

လန်ကျန်အခန်းထဲ ဝင်လာတဲ့စုန်လန်၊ ဇီရွှမ်းနဲ့ မုန်ယောင်။မုန်ယောင်ဝင်လာတော့ ရှိချန်းမုန်ယောင် လက်လေးဆွဲပြီး သူ့ဘေးနားဝင်
ထိုင်ခိုင်းလိုက်သညိ။ မုန်ယောင်လည်း လန်ကျန်ကို
ဂုဏ်ပြုစကားဆိုလိုက်သည်။

“ဂုဏ်ယူပါတယ် လန်ဝမ်ကျီ”
“ကျေးဇူးတင်ပါတယ်”
“ဒါနဲ့ အစ်ကိုရှိချန်းတို့ကော ဘယ်တော့လဲ”
“မကြာခင် မကြာခင်”

စုန်လန်စကားကို အပြုံးအေးအေးနဲ့တုန့်ပြန်တဲ့
ရှိချန်းပင်။ မုန့်ယောင်ကတော့ ပါးလေးတွေရဲနေလေရဲ့။

“ဝမ်ကျီမင်းကသတို့သားဖြစ်ပြီး ဘာလို့မပျော်သ
လိုဖြစ်နေရတာလဲ ဘာလဲမင်းအချစ်တုံးလေးကို
မတွေ့ရသေးလို့လား ဟန်!”
“စုန်လန်! မင်းထွက်သွားစမ်းကွာ!”
“ငါကလာဂုဏ်ပြုပေးတဲ့ဟာကို ငါ့ကိုနှင်ထုတ်နေ
တယ်ပေါ့လေ”

Struggles Between You and me (BL) (Completed)Where stories live. Discover now