Zawgyi
ဝေရင်းတို့လက်ထပ်ရက်သတ်မှတ်ပြီး ပွဲစီစဉ်ဖို့
အလုပ်များရှုပ်နေကြတာပင်။ ဒီနေ့လည်း ဝတ်စုံ
သွားကြည့်မယ် ဆိုတာကြောင့် ဝေရင်းစောစောထပြင်ဆင်နေမိသည်။ကျန်းချန်းရောမမပါ ဝေရင်းတို့နဲ့ တခါတည်းအဖော်
လိုက်လာပေးသည်။ ဝေရင်းအဝတ် စမ်းဝတ်ကြည်
နေတုန်း။ လန်ကျန် ကျန်းချန်းကို စကားစသည်..."ကျန်ချန်းမင်းကို ကာတို့လက်ထပ်ပွဲမှာလေ သေ
ချာစောင့်ကြည့်ပေးစေချင်တယ်"
"ဘာဖြစ်လို့လဲ လန်ကျန်"
"အခုတလော စိတိတွေလေးနေလို့ပါ ကာ့လက်ထပ်ပွဲအတွက် စိုးရိမ်နေမိတယ် အရေး
ကြီးတာက ဝေရင်းကို"
"အင်း စိတ်မပူပါနဲ့ လက်ထပ်ရမဲ့ရက်နီးလာလို့ စိတ်လှုပ်ရှားနေတာဖြစ်မှာပါ"
"ဟိုမိန်းမလာနှောက်ယှက်မှာကို ငါ့စိုးရိမ်နေတာ"
"မပူပါနဲ့ကွာ ငါသေချာကြီးကြပ်မှာပါ ဟုတ်ပြီလား"
"ကျေးဇူးပဲ ကျန်းချန်း"လန်ကျန်တို့ စကားကောင်းနေတုန်း လိုက်ကာစ
လေးက တဖြည်းဖြည်းပွင့်လာတော့သည်။ အထဲမှ
တလှည့်ချင်း လျှောက်လှမ်းလာတဲ့ ဝေရင်း။အဖြူရောင်သတို့သား ဝတ်စုံလေးနဲ့လိုက်ဖက်စွာ
ချစ်ဖို့ကောင်းနေတဲ့ သူ့ရဲ့ချစ်ရသူ။ သူစိုက်ကြည့်
နေတာကြောင့် ရှက်လို့ထင်ပါရဲ့ ပါးလေးတွေ
ကလည်း ရဲနေသေးတယ်။ ချစ်ဖို့ကောင်းတယ် ဝေရင်းရယ်။"လန်ကျန် ကျန်းချန်း ဘယ်လိုနေလဲ ကြည့်လို့မ
ကောင်းဘူးလား"နှစ်ယောက်လုံး သူ့ကိုစိုက်ကြည့်နေတာ လူတောင်
ရှက်လာပြီ။ လန်ကျန်လည်း ဝေရင်းအနားကို
လျှောက်လာပြီး ခါးလေးမတဆင့် တင်းတင်းဖက်ထားလိုက်သည်။"အရမ်းချစ်ဖို့ကောင်းတယ် ဝေရင်း"
"လန်ကျန် ဆိုင်ထဲမှာလူတွေအများကြီးကို လွှတ်"
"သူဌေးရယ် ဖတ်ချင်သပဆိုရင်လည်း မမြင်ကွယ်
ရာမှာ ဖတ်ကြပါ"
"မမနော်"
"မမပြောတာမမှားဘူး ဝေရင်း"
"ကျန်းချန်း"ဒီလိုနဲ့အကုန် တိုင်းတာရွေးလို့ပြီးသွားတော့ ဝေရင်းတို့နေ့လည်စာစားဖို့ထွက်လာခဲ့လိုက်သည်။
ဆိုင်တစ်ခုမှာထိုင်စားနေတုန်း ဆိုင်ထဲသို့ကုတ်
ကုတ်နှင့်ဝင်လာတဲ့ သူတစ်ယောက်က တစ်စုံတစ်
ယောက်ကိုရှာဖွေလို့နေတယ်။
![](https://img.wattpad.com/cover/211008010-288-k598872.jpg)
YOU ARE READING
Struggles Between You and me (BL) (Completed)
FanfictionHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...