Zawgyi
နောက်တစ်နေ့မှာပဲ လန်ကျန်လက်ထပ်ခွင့်တောင်း
တဲ့ဗီဒီယိုဟာ ပြန်နှံ့နေတော့တယ်။ အားကျသူတွေ
အားပေးတဲ့သူတွေလည်းရှိနေသလို ပြစ်တက်ရှုံ့ချ
နေတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ဒါသူတို့မျှော်မှန်းထားပြီးသား ဖြစ်တာကြောင့် ဝေရင်းတို့ ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့ပါတယ်။
ဝေရင်းရုံးတတ်တော့လည်း ရုံးကလူတွေကတော့
ဝေရင်းအပေါ်နားလည်ပေးကြပါတယ်။သူတို့လည်းရုံးမှာ တွေ့ပါများလို့ ရိုးနေပြီထင်ပါရဲ့
လေ။ သိုပေမဲ့ ပုံမှန်အတိုင်းကြိုဆိုပေးကြတာ
မို့ ဝေရင်းတကယ်ပျော်မိပါတယ်။ဝေရင်းအလုပ်လုပ်နေတုန်းမကြာမီ သူ့ဆီပါဆယ်
ဘူးတစ်ဘူး ရောက်လာခဲ့တယ်။ ပို့တဲ့သူကိုတော့
သူမသိလိုက်ရ။ သူ့အတွက်ရောက်လာတာမို့ ဝေ
ရင်း စိတ်လှုပ်ရှားမှုနဲ့အတူ ဖွင့်ကြည့်လိုက်တော့
ဓာတ်ပုံတွေ။လန်ကျန်ရဲ့ပုံတွေ။ လန်ကျန်ပုံတွေပေမဲ့ သူတစ်
ယောက်တည်းမဟုတ် အမျိုးသမီးတစ်ယောက်နဲ့
ပုံတွေ။ ထိုပုံထဲကအမျိုးသမီးက ဝမ်လင်းကျောင်။သူတို့နှစ်ဦးသား ဟိုတယ်တစ်ခုရှေ့ရိုက်ထားတဲ့
ပုံတွေ။ ဝေရင်းဓာတ်ပုံကြည့်ပြီး ကြောင်နေစဉ်
ရုံးခန်းထဲအပြေးတပိုင်း ဝင်လာတဲ့လန်ကျန်။ဝေရင်းထိုလူသာကို လှမ်းကြည့်မိတယ်။ လက်အစုံ
ကတော့ အနည်းငယ်တုန်ရီနေတယ်။ ဘာတွေလည်း ဘာလို့ခုကြမှလဲ။လန်ကျန်မနက်ကသတင်းကြောင့် သူရုံးကိုအပြေး
လာခဲ့တာ။ သတင်းမှာ ဝေရင်းကိုသူလက်ထပ်ခွငိ့
တောင်းနေတဲ့ပုံလည်းပါဝင်ခဲ့သလို။ ဝမ်လင်းကျောင်နဲ့ စေ့စပ်ထားပါတယ်ဆိုတဲ့ သတင်းတွေတက်လာခဲ့တယ်။ အရင်ကသူတို့ပုံ
တွေလည်း ပါလာသေးတယ်။ဒါကြောင့်သူရုံးကို အမြန်ပြေးလာတာ။ ရုံးခန်းရောက် တော့ဓာတ်ပုံတွေကိုင်ပြီး သူ့ကို
ကြောင်ကြည့်နေတဲ့ ဝေရင်း။“ဝေရင်း ကိုရှင်းပြမယ် ဒါတွေကအရင်တုန်းက ပုံ
တွေပါ ပြီးတော့သူမနဲ့စေ့စပ်ပွဲက ဖျက်ပြီးသားပါ
ဝေရင်း”
“အင်း”
“လန်ကျန်ကိုယုံပါတယ် ဒါပေမဲ့တခြားလူတွေက
ကော သူတို့အမြင်မှာ လန်ကျန်ကို...”
“သူတို့ဘာထင်ထင်ဂရုမစိုက်ပါဘူး အရေးကြီးတာ
ဝေရင်းမင်းကို့ကို ယုံကြည်ဖို့ပဲလိုတာပါ”
“အွန်း”
“ကို ဝမ်လင်းကျောင်နဲ့ ဒီပြ ဿနာကို သေချာရှင်း
မယ် ဝေရင်းစောင့်နေပါ”
“စိတ်ချပါ ဝေရင်းစောင့်နေမယ်”
YOU ARE READING
Struggles Between You and me (BL) (Completed)
FanfictionHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...