Final Part(2)

1.3K 74 4
                                    

Zawgyi

ဝေရင်းတို့ထမင်းလက်စုံအတူစားကြတယ်။ မိသားစုစုံစုံလင်လင်နဲ့မို့ ဝေရင်းအရမ်းပီတိဖြစ်
တယ်။ ဒီနေ့မှလူတွေအကုန်စုံနေကြတာပင် မမတို့
လင်မယားလည်း ကျနေယ်တို့ဆီရောက်လာတာ
ကြောင့်ပဲ။ စုန်လန်လဲမပါမဖြစ်ပေါ့။

ထမင်းဝိုင်းမှာစုန်လန်၊ ကျန်းချန်၊ ဇီရွှမ်းတို့ဆုံတာနဲ့
ထိုထမင်းဝိုင်းကဆူညံ့နေမှာအသေအချာပင်။ 3
ယောက်ပေါင်းလောင်းကျော်များကြောင့်ဖြစ်
တော့သည်။

ထမင်းစားပြီးတော့အားလုံးအချိုတည်းကြ ဝိုင်းဖွဲ့
စကားများကြနဲ့လေကြောတောတောနှင့်မပြတ်
တော့ပေ။ လန်ကျန်ကတော့ ဝေရင်းကိုစောစော
အနားယူဖို့အတွက် အခန်းထဲမြန်မြန်ပို့တော့သည်။

“ဟာ့! ဝမ်ကျီမင်းဘာဖြစ်နေတာလဲ ဝေရင်းနဲ့စကား
ကောင်းနေတာကို ဖျက်လို့ဖျက်စီးနဲ့”
“မင်းနဲ့ထားမှ ဝေရင်းကဖျက်စီးမှာ မင်းမဟုတ်တဲ့
ဟာတွေလျှောက်သင်ပေးနေမှာလေ ဝေရင်းတော့
အဖြစ်မခံနိုင်ဘူး”
“ပြောနေလိုက်တာကျန်း သားသည်မိခင်ကြီးကျ
နေတာပဲ မသိရင်ငါကပဲအဆိုးတကာ့ထိပ်ခေါင် ဘု
ရင်ကြီးလိုလိုနဲ့”
“ဟေ့ဝမ်ကျီမင်းတို့အခန်းထဲသွားတာ မင်္ဂလာဦးမ
လို့တော့မဟုတ်ပါဘူးနော် နေ့ခင်းကြီးပဲရှိသေး
တယ်”
“စုန်လန်!! မင်းမပြေးနဲ့”
“ပြေးမှာပဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်!”
“ဟားဟားဟားဟားဟား.....”

စုန်လန်ကပြေးလန်ကျန်ကလိုက်ရိုက်နဲ့ မိသားစု
တစ်စုလုံးတဝါးဝါးတဟားဟားဖြစ်ကုန်တော့တယ်။
ဝေရင်းနောက်ဆုံးဝင်ပြောမှသာ ထိုကလေးဆိုးကြီး
နှစ်ယောက်စိန်ပြေးလိုက်တမ်းက ရပ်တန့်သွား
တော့သည်။

“ကဲတော်ပါတော့ လန်ကျန်ကောစုန်လန်ကော ကျနော်လည်းမနက်ကနည်းနည်းပင်ပန်လာတော့ စောစောအနားယူမလို့ပါ အားလုံးခွင့်ပြုပါအုန်း”
“ကောင်းပါပြီဗျာ”

စုန်လန်တို့အားလုံးကိုနှုတ်ဆက်ပြီး ဝေရင်းနဲ့လန်
ကျန်လည်း အခန်းထဲဝင်လာလိုက်တယ်။ ဝေရင်း
ကုတင်ပေါ်အသာလှဲခိုင်းရင် လန်ကျန်လည်း သူ့ဘေးနားဝင်လှဲလိုက်တယ်။

Struggles Between You and me (BL) (Completed)Where stories live. Discover now