Part (5)

1.6K 131 3
                                    

Zawgyi

ရှိချန်းတစ်ယောက် မုန့်ယောင်တိုက်ခန်းတွင်သာ တည်းခိုဖို့
ပြင်လိုက်သည်။ မုန့်ယောင်မတည်းခိုင်းလဲ သူရအောင်နေမှာ
ကတော့အတည်။ သူပစ္စည်းများနေရာချပြီးနောက် မုန်ယောင်
ရေခွက်လေးပေးရင်း စကားစသည်

“ဗိုက်စာနေပြီလား ခဏလေးနော်ကျနော်ချက်ပေးမယ် ရေချိုးထားလိုက်”

ပြောပြီးပြန်ထွက်သွားတော့မည့်သူအား ရှိချန်းလက်လေးမှ
လှမ်းဆွဲပြီး ကုတင်ထက်သို့လှဲချလိုက်သည်။ သူကတော့အ
ပေါ်မှအုပ်မိုးလျှက် ထိုသူသားလေးအား ချုပ်ထားလိုက်သည်

“ဘာ...ဘာလုပ်တာလဲ လွှတ်လေဟင်းသွားချက်မလို့လွှတ်”
“အားယောင်ဘာလို့အငြိမ်မနေတာနဲ့ ကိုကဒီကလေးလေး
ကိုလွမ်းနေတာကြာပြီ ခုမှတွေ့ရတာကို”

ပြောပြီးနောက် မုန်ယောင်မျက်နှာလေးအနှံအနမ်းဖွဖွလေးများ
ပေးအပ်လိုက်သည်။ ထိုသူလေးကတော့မျက်နှာလေး ရဲတွတ်
နေတော့သည်။ ရှိချန်းကတော့အသည်းယားလာတာကြောင့်
မုန်ယောင်နှုတ်ခမ်းလေးထက် အနမ်းများဆက်တိုက်ခြွေကျ
နေတော့သည်။

မုန့်ယောင်လေးတားဆီးတော့မှ သုအနမ်းများရပ်တန့်လိုက်
သည်။ ထိုလူလေးကတော့ သူအလွှတ်ရသည်နှင့် ပြေးထွက်
သွားတော့သည်။ ရှိချန်းလည်းရေမိုးချိုးပြီးနောက် မီးဖိုချောင်
ထဲဝင်လိုက်တော့ ဟင်းတွေချက်ရင်းအလုပ်ရှုပ်နေတဲ့ မုန်
ယောင်။

သူအနောက်ဘက်မှခါးလေးအားလှမ်းဖက်လိုက်တော့ လန့်
သွားသလိုဖြစ်ပေမဲ့ ပြုံးနေလေရဲ့။ ဟင်းချက်ပြီးသည်ထိ ရှိ
ချန်းအလွှတ်မပေးဘဲ ဖတ်ထားလိုက်သည်။

“ကဲကဲလွှတ်တော့ ထမင်းစားမယ်လေ”
“အွန်း ”

မုန်ယောင်နှင့်မျက်နှာချင်းဆိုင်ထိုင်ပြီး ထမင်းစားလိုက်သည်။
သို့သော်ထမင်းစူာတာထက် မုန်ယောင်ကိုစိုက်ကြည့် နေတာ
ကြောင့် ကိုယ်တော်ချောလေးက အမေးရှိလာတော့သည်။

“ဘာ...ဘာလိုအဲ့လိုစိုက်ကြည့်နေတာလဲ စားမှာဖြင့်မစားဘူး ”
“အော်...မဟုတ်ပါဘူး မတွေ့တာကြာနေပြီလေကွာ ကိုအားယောင်ကိုလွမ်းနေတာ ခုမှတွေ့ရတာကို”
“ဖုန်းနဲ့အဆက်အသွယ်ရှိနေတာပဲ”
“ကိုကတော့လွမ်းတယ် ဖုန်းနဲ့ကဒီလိုအနီးကပ်မှမတွေ့ရတာ ”
“အွန်း ”
“ဒါနဲ့အားယောင်ကျောင်းမှာအဆင်ပြေလား”
“ပြေပါတယ်ဘာမှမဖြစ်ပါဘူး ”
“အားယောင်တောင်ကျောင်းပြီးတော့မယ်နော် ဘယ်လောက် ကျန်သေးလဲ”
“ဒီတစ်မှစ်ကုန်ရင်ပြီးပါပြီ ကိုကိုကကော ဒီမှာဘယ်လောက်
ထိနေဖြစ်မှာလဲ”
“ကိုလား1လ ”
“အွန်း”
“ဟူး ဒီ1လအတွင်းအတိုးချပြီးချစ်မယ်”
“ဟာ! အလုပ်မလုပ်တော့ဘူးလား”
“ဒါကတစ်ကန့်လေအားယောင်လေးရဲ့ မသိဘူးလား”
“အား!! မဆွဲနဲ့နာတယ်”

Struggles Between You and me (BL) (Completed)Where stories live. Discover now