Part(20)

990 76 0
                                    

Zawgyi

ဝေရင်းတို့မိတ်ဆက်ပေးပြီး ရက်တွေလတွေ လွန်လာတော့ မကြာခင်ပင် နှစ်အိမ့်တစ်အိမ်
ပေါင်းစပ်ဖို့ဖြစ်လာခဲ့တယ်။

ဒါကလည်းစေ့စပ်ပွဲသဘောသာပင်။ ဝေရင်းကသူ့
အမလက်ထပ်ပြီးမှသာ လက်ထပ်မည်ဟုအတင်း
ငြင်းနေတာမို့ လန်ကျန်လက်လျော့လိုက်ရသည်။

သူ့ဘောအတိုင်းသာဆို တခါတည်းလက်ထပ်
လိုက်ချင်သည်။ ဒါပေမဲ့ သူ့ချစ်လေးစိတ်ချမ်းသာ
ဖို့အရေးမို့ သူလျော့လိုက်ရခြင်းပင်။

သူအမြန်ဆုံးလက်ထပ်ချင်တာက ဝမ်လင်းကျောင်
ကြောင့်က အဓိကပင်။ ဟိုတစ်ခေါက် ဝေရင်းနဲ့
ပြဿနာတတ်ပြီးကတည်းက သူမငြိမ်နေသည်
လေ။

သူမအကြောင်းကိုသူသိသည်။ ဝေရင်းကိုရန်လုပ်
လာနိုင်တယ်။ နောက်တစ်ခု ဝေရင်းတစ်ယောက်
ပိုပြီးချစ်ဖို့ကောင်းလာတာကြောင့် သူစိတ်မချတာ
ပင်။

ကံအကျိုးပေးတယ်ဆိုမလားပဲ ရန်လီကိုလက်ထပ်
ဖို့ရန် ကျင်းသူဌေးကလာရောက်မြန်းတဲ့ ကိစ္စဖြစ်
လာတာမို့ လန်ကျန်ပျော်တပြုံးပြုံးပင်။ ကျင်းသူ
ဌေးလာရောက်တောင်းရမ်းဖို့ကိုလည်း သူအဓိက
နားပူခဲ့တာပင်။ မကြာခင်ဝေရင်းနဲ့လက်ထပ်ရတော့
မယ်။ သူ့ကိုငါတစ်ယောက်တည်းသာ ပိုင်ဆိုင်ခွင့်
ရတော့မယ်။

ဝေရင်းဒီနေ့အရမ်းပျော်နေတယ်။ မမကိုလာ
တောင်းရမ်းကြတယ်။ မင်္ဂလာကိစ္စကိုလညိး သတ်
မှတ်နေကြပြီ။ မမကနောက်ဆုံးတော့ ကောင်းမွန်
တဲ့သူနဲ့ အိမ်ထောင်ကျတော့မယ်။ သုအရမ်းပျော်
ပါတယ်။

ကျန်းချန်းသည်လည်း သူ့ကိညအရင်လိုပြန်ခင်မင်
လာပြီဖြစ်တယ်။ လန်ကျန်ကိုချစ်သူအဖြစ်
မိတ်ဆက်ပေးစဉ်က ယောက်ကျားသားနှစ်ဦး
ဖြစ်တာကြောင့် သုလက်မခံနိုင်ဖြစ်ခဲ့တာ။ သူအမနဲ့
အတူသူ့မိဘတွေရောပါ ဖြောင့်ဖြပြောပေးတာမို့
သူလည်းကျနော်တို့အပေါ် လက်ခံလာပြီဖြစ်တယ်။

ဝေရင်းတွေးမိတယ်။ မိသားစုဝင်တွေကတော့ ဝေရင်းတို့ကို အသာအယာလက်ခံပေးနိုင်ကြတယ်။
ပတ်ဝန်းကျင်ကလူတွေရော လက်ခံနိုင်ပါ့မလား။
သူတို့တားမြစ်လာရင်ကော ဝေရင်းရင်ဆိုင်နိုင်ပါ့
မလား။

Struggles Between You and me (BL) (Completed)Where stories live. Discover now