Part(29)

1.1K 72 0
                                    

Zawgyi

လူတွေအားလုံးက အပြေးအလွှားရှုပ်ရှပ်ခတ်နေ
ကြတယ်။ ခန်းမတစ်ခုလုံးက အော်သံတွေလည်း
ဆူညံ့လို့ပါ။ ဒါပေမဲ့သူဒါတွေ ဂရုမစိုက်နိုင်ဘူး။

သူလက်ထဲမှာသေနတ်ဒဏ်ရာနဲ့ဝေရင်းက လဲလျောင်းနေတယ်။ ဘေးနားကနေအကိုရှိချန်းက
ကျနော့်ကိုစကားတွေပြောနေတယ်။ ဒါပေမဲ့ ကျနော် မကြားရဘူး။ ဘာမှလည်းမသိဘူး။

ကျနော်ဂရုစိုက်နေမိတာ၊ အာရုံစိုက်နေမိတာ ဝေရင်းတစ်ယောက်တည်း။ သွေးတွေစီးကျနေတဲ့
သူရဲ့ဒဏ်ရာကို ကျနော်သေချာဖိထားရတယ်။
ကျနော့်နှုတ်ကလည်း စကားတွေတတွတ်တွတ်
နဲ့ပါ။

“ဝေရင်း!! ကိုရှိတယ်နော် မကြောက်နဲ့နော်! ကိုမင်း
နားမှာရှိနေတယ် အားတင်းထားနော်!”

ဝေရင်းလက်တစ်ဖက်က ကျနော့်ဆီမြှင့်တက်လာခဲ့
တယ်။ သူလက်ဖျားလေးက ကျနော့်ပါးပေါ်က အ
ရည်တချို့ကိုဖယ်ရှားပေးနေတယ်။

ပြီးတော့သူကျနော့်ကို ပြုံးပြီးကြည့်နေသေးတယ်။
ဒါပေမဲ့ သူအပြုံးတွေမကြာခင်မှာ ပျောက်ကွယ်
သွားတယ်။ သူရဲ့မျက်ခွံလေးက ပိတ်ချသွားသလို
ကျနော့်ပါးပေါ်က သူ့လက်လေးက မြေပေါ်သို့ 
ပြုတ်ကျသွားတယ်။

မဟုတ်ဘူး! ဝေရင်း!! ကိုမင်းကိုရအောင် ကယ်တင်
မယ်!!

ရျိချန်းဆေးရုံကားသံကြားတာနဲ့ ဝမ်ကျီကိုပြော
လိုက်တယ်။ ဝမ်ကျီသူ့ရင်ခွင်ထက်က ဝေရင်းကို
ပွေ့ချီလို့ အ့မြန်ပြေးထွက်သွားတော့သည်။ ဆေးရုံ
ကားနဲ့အတူ ဆေးရုံသို့ဘယ်လိုရောက်သွားလဲမ
သိ။

အခုသူ့အာရုံထဲမှာရှိနေတာက ဝေရင်းတစ်
ယောက်တည်း။ ဆေးရုံကိုရောက်တော့ ဆရာဝန်က ဝေရင်းကိုစစ်ဆေးကြတယ်။ပြီးတာနဲ့ ခွဲခန်းထဲသို့ သယ်ဆောင်သွားတဲ့ဝေရင်းကို သူအပြင်ဘက်ကနေ စိုးရိမ်တကြီးအထဲ ကိုပဲကြည့်နေမိတယ်။

မကြာပါဘူး သူ့နောက် လိုက်လာကြတဲ့ နှစ်ဖက်မိ
သားစုဝင်တွေ။ သူတို့မေးသမျှလည်း ကျနော်မဖြေ
နိုင် အခုကျနော်ခေါင်းထဲမှာတွေးနေမိတာ ဝေရင်း
တစ်ယောက်တည်းပဲ။

မိနစ်တော်တော်ကြာသွားတော့ ပြန်ထွက်လာတဲ့
ဆရာဝန်။ ထိုသူ့ဆီအမြန်ပြေးသွားပြီး ဝေရင်းအ
ခြေအနေကို သူမေးမြန်းလိုက်တယ်။

Struggles Between You and me (BL) (Completed)Where stories live. Discover now