Part(28)

1K 77 2
                                    

Zawgyi

ဝမ်ချောင်ကားကိုအရှိန်တင်မောင်းလို့ လက်ထပ်ပွဲ
ကျင်းပရာနေရာကို လာခဲ့မိတယ်။ သူ့ကားနောက်
မှလည်း ရဲကားသံတွေနဲ့အတူပေါ့။

သူလက်ထပ်ပွဲကျင်းပရာနေရာရောက်တော့ ကား
ပေါ်ကအလျှင်အမြန်ဆင်းပြီး အထဲဝင်ဖို့လုပ်ပေ
မဲ့လို့ကြားလိုက်ရတဲ့ သေနတ်သံ။

သူနောက်ကျသွားပြီလား မဖြစ်ပါစေနဲ့။ ကျေးဇူးပြု
ပြီးအခွင့်အရေးတစ်ခုလောက်ပေးနိုင်မှာလား။ သူ
လှေကားထစ်တွေပေါ် ပြေးတက်သွားမိတယ်။ သူ
ရောက်ရှိသွားတော့ မြင်ကွင်းက......

“လင်းကျောင်!!!”

......................................................................

ဝေရင်းအဝတ်လဲခန်းထဲထိုင်မိနေတယ်။ သူမျက်နှာ
မှာအပြုးချိုချိုလေးနဲ့။ ယနေ့ဝတ်ဆင်ထားတဲ့ အဖြူ
ရောင်အနောက်တိုင်းဝတ်စုံလေးက တကယ်ကြည့်
ကောင်းလွန်းတယ်။ သူအတွက်ပြင်ဆင်မှုတွေကို
ကျန်းချန်းကော မမရန်လီပါပြင်ဆင်ပေးကြတယ်
လေ။

“အားရှန့်လေးဒီနေ့အရမ်းချောနေတာပဲ ကြည့်ပါ
အုန်း အားချန်းမမပြောတာမှန်တယ်မလား”
“ကျနော့်လောက်တော့မဟုတ်ပါဘူး မမရာ ကျနော်ကပိုခန့်တာ”
“မမတွေ့လား အဲ့ကျန်းချန်းကောင်စုတ် သူလက်
မထပ်ရလို့သိလားမမ ”
“ဘာ! ငါကမယူချင်သေးတာပါနော် ငါ့ဘေးမှာဝိုင်း
ဝိုင်းလည်နေတာ မင်းမှမသိတာ”
“ယင်ကောင်တွေလား မင်းနားမှာလေ”
“ဖြစ်ရတယ် ကောင်မလေးတွေကွ ငါမကြိုက်လို့ပါ
နော် မဟုတ်ရင်3၊4ယောက်အသာလေးပဲ”
“ဟုတ်မှာပါ လောလောဆယ်တော့ မင်းတစ်
ယောက်တည်းကျန်ခဲ့ပြီ မဟုတ်လား”
“တော်ပါကွာ မကြာခင်ပေါ့”
“မမသူပြောနေတာကြားလား အဆန်းတွေနော်”
“ဟုတ်ပါ့ ဟုတ်ပါ့”

သူတို့အပြောမဆုံးသေး လာခေါ်တာမို့ သုံးယောက်
သားအလျှင်အမြန်ထွက်လာကြသည်။ ဝေရင်းထွက်လာတော့ သူကိုရပ်စောင့်နေတဲ့ မေမေ။ ဝေရင်းအမေ့ရင်ခွင်ထဲ ပြေးဝင်သွားလိုက်
တော့သည်။ အမေ့ကိုတွေ့တာနဲ့ ဝေရင်းတို့မျက်
ရည်ဝဲလာပြန်သည်။

“အော်..ဒီကလေးနဲ့တော့ ဘာလို့ငိုတာလဲ ကလေးလေးလား လက်တောင်ထပ်တော့မယ်
လေကွယ် မငိုနဲ့”
“မေမေကလည်း ရှန့်ရှန့်ကမေ့မေ့အတွက် ကလေး
လေးပဲကို မဟုတ်ဘူးလား”
“ကဲရှန့်ရှန့်မေမေသားလေး မငိုနဲ့တော့ မချောပဲနေ
အုန်းမယ် ကို့လက်ထပ်ပွဲမှာ ကိုကရုပ်ဆိုးကြီးဖြစ်
နေမယ်”
“မေမေနော်”
“ကဲကဲအားရှန့်လေး နောက်ကျနေမယ် ပြီးမှမေမေ့
ကိုချွဲတော့ မမတို့သွားနှင့်မယ် အားချန်းလာလေ”
“ဟုတ်မမ”

Struggles Between You and me (BL) (Completed)Where stories live. Discover now