Zawgyi
"အဟင့်!! အဟွတ်!!!"
အသံကြားရာမှ ဝေ့ရင်းတို့နှစ်ဦးသားအကြည့်
လွှဲလိုက်ကျလာသည်။ ဝေရင်းတို့ကတော့ ရှက်
လို့ထင်ပါ့ ပါးနုနုသည်အနီရောင်သန်းနေသည်။
ရှိချန်းကပဲ စကားစလိုက်သည်။သူရှေ့ရှိလင်ကျောင်တစ်ယောက်ကတော့ လက်
သီးကျစ်ကျစ်ဆုပ်ထားသည် ပြီးနောက်နှုတ်ခမ်း
အား ပေါက်ထွက်မတတ်ကိုက်ခဲထားလေသည်။"ဝမ်ကျီ လင်းကျောင်တို့ဝမ်အုပ်စုနဲ့ အကိုတို့ဆပ်
တူလုပ်ဖို့ရှိနေတယ်ဝမ်ကျီ "
"အကိုပြောချင်တာ ကျနော်သိပါတယ် ကျနော်
သေချာလုပ်ပေးပါ့မယ်"
"အကိုယုံပါတယ်ဝမ်ကျီ"
"ဝမ်ရှင်နဲ့ဒီကဝမ်ထန်းလေးက အတော်ရင်းနှီးနေ သလိုပဲနော်"သူမမျက်နှာကအပြုံးချိုချိုကို ဝေရင်းကိုလှောင်နေ
မှန်းအတော်သိသာပေတယ်။ ဝမ်ကျီ ဝေရင်းကို
ခါးထက်မှလှမ်းဖတ်လိုက်လေသည်။လူရှေ့မှာမို့ ဝေရင်းဖယ်ဖို့လုပ်ပေမဲ့ လန်ကျန်လက်
တို့ကခိုင်မြဲနေဆဲပင်။ ထိုအချင်းအရာကို တွေ့
တော့ လင်းကျောင်မျက်နှာသည် ပုပ်သိုးသွားတော့
သည်။ သို့သော်ခဏအတွင်းပြောင်းလဲသွားတော့
သည်။ ရှိချန်းကတော့ ညီအကြောင်းသိသူပီပီ ခေါင်းရမ်းနေတော့သည်။"ရင်းနှီးတာပေါ့ သူကတစ်နေ့ငါလက်ထပ်မဲ့သူ ဖြစ်
နေတာလေ"
"ဘာ!!"ဘယ်သူမှမထင်မှတ်သည်မို့ ရှိချန်းနှင့်ထပ်တူ ဝေ
ရင်းပင်အံ့ဩမိသွားသည်။ ဝေရင်းလန်ကျန်ကို
ကြည့်မိတော့ လန်ကျန်ကသူနဖူးထပ်တွင် အနမ်း
ခြွေလေရဲ့။ မဆီမဆိုင်အသံကျယ်မိသွားသူက လင်
ကျောင်ပင်။"ဟုတ်တယ် လင်ကျောင် ဒါကငါ့ချစ်သူ ဝေရင်း မင်းမှတ်ထားပေါ့ သေသေချာချာပေါ့ "
သေသေချာချာဆိုတဲ့စကားနေရာတွင် လန်ကျန်အ
သံသည် အနည်းငယ်မာသွားသလိုပင်။"ဝေရင်း သူကဝမာအုပ်စုကအငယ်ဆုံးသမီး ဝမ်လင်ကျောင် "
"အင်း တွေ့ရတာဝမ်းသာပါတယ် ဝမ်လင်ကျောင်"
"ဟွန့်!! ထပ်တူပါပဲ ဒါနဲ့လင်ကျောင်ကို သွားခွင့်ပြု
ပါအုန်း မနက်ဖြန်မှလင်ကျောင်တို့ လုပ်ငန်းစ
ကြတာပေါ့ သွားခွင့်ပြုပါအုန်း"
"ကောင်းပါပြီ"

YOU ARE READING
Struggles Between You and me (BL) (Completed)
FanfictionHi! မင်္ဂလာပါဗျ။ ဒီတခေါက်ကတော့ ကျနော်ရဲ့ဒုတိယမြောက်လေးပါနော်။ Xiao Zhan and Wan Yi Boအတွက်ရေးကြည့်ချင်လို့ပါနော်။ ဒီတခေါက်ficလေးကတော့နည်းနည်းလေး ငိုရမယ်ဗျ။ ကြိုတင်ပြောကြားထား တာပါနော်။ ဇာတ်ကောင်းတွေရဲ့ပုံစံကတော့ ဝေ့ဝူရှန့်နဲ့လန်ကျန်ပုံစံနဲ့ပဲရေး မှာပါ...